DVB Logo
Home
နိုင်ငံတကာ
နခွန်းပထုံတွင် ကျောင်းကားနှင့် ဝက်တင်ကားတိုက်မိပြီး ကျောင်းသား ၃၀ ကျော်ဒဏ်ရာရ 
DVB
·
October 15, 2024
နခွန်းပထုံတွင် ကျောင်းကားနှင့် ဝက်တင်ကားတိုက်မိပြီး ကျောင်းသား ၃၀ ကျော်ဒဏ်ရာရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်အဝင် နခွန်းပထုံမြို့ထဲမှာ အောက်တိုဘာ ၁၄ ရက်ညက   တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ စီးလာတဲ့ ဘတ်စ်ကားတစီးနဲ့ ဝက်တွေ တင်လာတဲ့ ၁၀ ဘီးကားတစီး တိုက်မိပြီး ကျောင်းသူကျောင်းသား ၃၀ ကျော် ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဆီရိနတ်ခလင်းတက္ကသိုလ်ကျောင်းက ကျောင်းသူကျောင်းသား ၄၇ ဦးဟာ  ထိုင်းအနောက်ပိုင်း ရာ့ချ်ပူရီခရိုင်  ဆွန်ဖိန့်မြို့နယ်ကို လေ့လာရေးခရီးသွား‌ရောက်ခဲ့ပြီး ဘန်ကောက်ကိုအပြန်   နခွန်းပထုံမြို့ ဖစ်ကဆဲမ်လမ်းမကြီးပေါ်မှာ အရှေ့ကသွားနေတဲ့ ၁၀ ဘီးကားတစီးကို နောက်ကနေ တိုက်မိခဲ့တာလို့ အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ နခွန်းပထုံနယ်မြေ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။ 

ယာဉ်တိုက်မှုကြောင့် ကျောင်းသူကျောင်းသားတွေ တင်လာတဲ့ ဘတ်စ်ကားအရှေ့မှန်တခုလုံး ကြေမွနေပြီး မီးလောင်တာတော့ မရှိဘူး၊ ကားထဲကလူငယ်တွေ အကုန်ထွက်လာနိုင်ပြီး ဒဏ်ရာရသူ ၃၁ ယောက်ကို နီးစပ်ရာဆေးရုံ ၂ ရုံကို ခွဲပြီး ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ 

အသက် ၆၀ ကျော်ရွယ် ဘတ်စ်ကား ယာဉ်မောင်းသမားပြောပြချက်အရ သူဟာ ကားကို ပုံမှန်မောင်းနှင်စဉ် အရှေ့က ၁၀ ဘီးကားက ရုတ်တရက် ဘရိတ်အုပ်လိုက်တာကြောင့် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတယ်၊ လူငယ်တွေ အပြင်ထွက်ဖို့ ရှေ့တံခါးပေါက်ကို ဆင်းဖွင့်ပေးခဲ့ပေမဲ့ ဖွင့်လို့မရတော့ဘူး၊ ဒါကြောင့် အားလုံးကို တံခါးအနောက်ပေါက်ကနေ ဆင်းစေခဲ့တယ်၊ ဒဏ်ရာပြင်းထန်သူတော့ မရှိဘူးလို့ ဆိုပါတယ်။ 

၁၀ ဘီးကားမောင်းသမားကလည်း သူဟာ ဝက်အကောင်ရေ ၁၃၀ အား နခွန်းပထုံကို ပို့ပေးဖို့ တင်ဆောင်လာခဲ့တယ်၊ အဲဒီနေရာမှာ ကားတန်းရှည်နဲ့ ယာဉ်ကြောပိတ်ပြီး မိုးတွေလည်း ရွာနေတယ်၊ မောင်းထွက်လာစဉ် ကားတစီးက ရုတ်တရက်ယာဉ်ကြောပြောင်းပြီး အရှေ့ကို ဖြတ်မောင်းလို့ သူလည်း ရုတ်တရက်ဘရိတ်အုပ်ရာမှာ နောက်ကနေ အတိုက်ခံရတာာလို့ ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဒီလဆန်းပိုင်းကလည်း လေ့လာရေးကျောင်းကားတစ်စီး မတော်တဆဖြစ်ပြီး မီးလောင်ခဲ့လို့ ဆရာမ ၃ ယောက်နဲ့ မူလတန်းနဲ့ အလယ်တန်းဆင့် ကလေး အယောက် ၂၀ သေဆုံးသွားခဲ့ပါတယ်။

Source: MCOT News  / CH 8 Thai TV News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013