
ဗဟိုနောက်ခံလူ နေရာမှာ ကစားဖို့ လိုအပ်ချက်ရှိနေသေးကြောင်း ဥရုဂွေးကွင်းလယ်လူ အူဂါတီ က ဝန်ခံ ပြောသွားပါတယ်။
အူဂါတီဟာ ပီရူးကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဗဟိုနောက်ခံလူ နေရာမှာ ကစားသွားခဲ့တာပါ။
ဘောလုံးပေးပို့မှုတွေ ကောင်းကောင်းလုပ်ဆောင်နိုင်ပေမဲ့ ဗဟိုနောက်ခံလူစစ်စစ် တယောက်ရဲ့ လုပ်ဆောင်ချက်အားလုံးကို စွမ်းဆောင်နိုင်ဖို့ လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း အူဂါတီက ပြောပါတယ်။
ကစားသမားအားလုံးဟာ နေရာအပြောင်းအလဲလုပ် ကစားနိုင်ကြပေမဲ့ အပြောင်းအလဲများတဲ့ အချိန်မှာတော့ အံဝင်ခွင်ကျဖြစ်ဖို့ အခက်အခဲရှိကြောင်း အူဂါတီက ပြောပါတယ်။
အသက်၂၃ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ အခုနှစ် ဘောလုံးရာသီမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားနေသူ ဖြစ်ပါတယ်။