DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီးရိုးတောင်ဖွင့်ပွဲအတွက် ဒေသခံများ ပြင်ဆင်
DVB
·
October 14, 2024
ကျိုက်ထီးရိုးတောင်ဖွင့်ပွဲအတွက် ဒေသခံများ ပြင်ဆင်
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ တောင်ဖွင့်ပွဲအတွက် ဆိုင်တွေဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကျိုက်ထီးရိုးဘုရားပွဲကာလကို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ၇ လကြာ ကျင်းပမှာ ဖြစ်ပါတယ်။

တောင်ဖွင့်ချိန်အမီ သန့်ရှင်းရေးတွေလုပ်ဆောင်ပြီး စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်၊ တည်းခိုဆောင်တွေ ဖွင့်လှစ်နေကြပြီလို့လည်း သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျိုက်ထီးရိုးဘုရားပွဲကာလအတွင်း တောင်တက်ကားအစီးရ ၁၅၀ နေ့စဉ်ပြေးဆွဲသွားမယ်လို့ ကြေညာထားပါတယ်။

ဒေသခံတယောက်က “တောင်ကတော့ သီတင်းကျွတ်လပြည့်ဖွင့်မှာဆိုတော့ ဆိုင်တွေကတော့ အကုန်နီးပါး ဖွင့်ထားလိုက်ပြီ။ ဘုရားဖူးတော့ မတက်သေးဘူး။ အခြေအနေကတော့ အေးအေးချမ်းချမ်းပါပဲ။ တောင်တက်ကားခကတော့ ကျပ် ၅,၀၀၀ ဖြစ်သွားပြီ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ကျိုက်ထီးရိုးဘုရားဖူးရာသီမှာလည်း စစ်ကောင်စီတပ်က တောင်တက်ကားဂိတ်၊ ရင်ပြင်တော်မုခ်ဝတွေမှာ ဘုရားဖူးလာရောက်သူတွေရဲ့ အချက်အလက်တွေကို ကောက်ယူ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားတဲ့ ကြားကပဲ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွား ၁၇၀,၀၀၀ ကျော် လာရောက်ခဲ့တယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013