DVB Logo
Home
မြန်မာသတင်း
မြန်မာ၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ ကုလသမဂ္ဂပဋိညာဉ်ချိုးဖောက်နေဟု အမေရိကန်ဝန်ကြီး ပြော
DVB
·
October 12, 2024
မြန်မာ၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ ကုလသမဂ္ဂပဋိညာဉ်ချိုးဖောက်နေဟု အမေရိကန်ဝန်ကြီး ပြော
Donate to DVB

မြန်မာ၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂ ပဋိညာဉ်အခြေခံမူတွေနဲ့ အာဆီယံ သဘောတူစာချပ်တွေကို ချိုးဖောက်နေတယ်လို့   အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ  ၁၁ ရက်က လာအိုမြို့တော် ဗီယန်ကျင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမှာ ဝန်ကြီး ဘလင်ကန်က ပြောဆိုခဲ့တာဖြစ်ပြီး အာဆီယံကို ထောက်ခံအားပေးတဲ့ ဝါရှင်တန်ရဲ့ ကတိကဝတ်ကိုလည်း ထပ်မံ အတည်ပြုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ပိုမိုနက်ရှိုင်းလာတာနဲ့ မတည်မငြိမ်ဖြစ်စေတဲ့ မြောက်ကိုရီးယားအရေးကိစ္စနေ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်စစ်ပွဲအထိကိစ္စတွေဟာ ကုလသမဂ္ဂ ပဋိညာဉ်အခြေခံမူနဲ့ အာဆီယံရဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၂ ခုလုံးရဲ့ အဓိကကျတဲ့ အခြေခံမူတွေကို ဆက်လက်ချိုးဖောက်နေတယ်လို့  ဘလင်ကန်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ်ပင်လယ်မှာ အာဆီယံနိုင်ငံတွေရဲ့ သင်္ဘောတွေနဲ့ လူတွေကို အန္တရာယ်ရှိပြီး တရားဥပဒေနဲ့ မညီတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေ တိုးမြင့်တာတဲ့အပေါ်  အမေရိကန်အနေနဲ့ ဆက်လက် စိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။

အင်ဒို-ပစိဖိတ် ဒေသမှာ လွတ်လပ်စွာရေကြောင်းသွားလာမှုနဲ့ လွတ်လပ်စွာ ပျံသန်းမှုကို ပံ့ပိုးပေးကြောင်း အမေရိကန်ရဲ့ ရပ်တည်ချက်ကို ထပ်လောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးကြောင်းလည်း ဝန်ကြီး ဘလင်ကန်က အလေးပေး ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အရေးတကြီးစိန်ခေါ်မှုတွေကို တုံ့ပြန်တာပဲဖြစ်ဖြစ်၊ ပြည်သူတွေရဲ့ တူညီတဲ့မျှော်လင့်ချက်တွေကို မြှင့်တင်နေတာပဲဖြစ်ဖြစ်၊ အမေရိကန်နဲ့ အာဆီယံကြား ဆက်ဆံရေးဟာ ဆက်ပြီး မရှိမဖြစ်လိုအပ်နေလိမ့်မယ်လို့ လည်း ပြောသွားပါတယ်။

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရလဒ်က ဘယ်လိုပဲရှိပစေ၊ အင်ဒို-ပစိဖိတ် ဒေသအတွက် သူ့ရဲ့ အမေရိကန် ကတိကဝတ်ကို အာမခံပါကြောင်းလည်း ဘလင်ကန်က ပြောကြားပါတယ်။ 

အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအားလုံးဟာ အာဆီယံဒေသတွင်းနဲ့ ကမ္ဘာ့အဆင့်မြင့် ဆီမီးကွန်ဒတ်တာတွေရဲ့ အဓိကထုတ်လုပ်သူဖြစ်တဲ့ ထိုင်ဝမ်ရေလက်ကြား တလျှောက် တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို မြင်တွေ့လိုတယ်လို့လည်း ဆိုပါတယ်။

အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်ထိပ်တန်းအရာရှိတွေ ပါ၀င်တဲ့ ထိပ်သီးဆွေးနွေးပွဲဟ နှစ်ဦး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ရေးနဲ့ အရှေ့တောင်အာရှမှာ ဖြစ်ပေါ်နေတဲ့ ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေကို ဖြေရှင်းရေးတို့အတွက် ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ဆွေးနွေးပွဲတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ 

Source/ Photo: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013