DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့ခံ ၂ ဦးကို ARSA ခေါင်းဖြတ်သတ်
DVB
·
October 11, 2024
ဘူးသီးတောင်မြို့ခံ ၂ ဦးကို ARSA ခေါင်းဖြတ်သတ်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်က မြို့ခံ ၂ ယောက်ကို ရိုဟင်ဂျာ လက်နက်ကိုင်တပ် (ARSA) အဖွဲ့က ခေါင်းဖြတ်သတ်ပြီး မြေမြှုပ်ထားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့ခံတွေဖြစ်ကြတဲ့ ဦးစံရွှေမောင် (၆၇ နှစ်)နဲ့ ဦးမောင်မြအောင် (၆၅ နှစ်) တို့ဟာ အောက်တိုဘာ ၇ ရက်က ဂုံနားကျေးရွာအနီးက တောင်ပေါ်ကို ဝါးသွားခုတ်ကြရာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ခေါင်းဖြတ်သတ်ပြီးနောက် ဂုံးနားကျေးရွာရှိ နေအိမ်တဆောင်မှာ မြေမြှုပ်ထားခဲ့တာကို အာရက္ခတပ်တော်ရဲ့ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ (DLEPS) အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ရိုဟင်ဂျာလက်နက်ကိုင်ဖြစ်တဲ့ ARSA၊ RSO အဖွဲ့ဟာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ခြုံခိုတိုက်ခိုက်တာတွေကို ဆက်တိုက်ဆိုသလို လုပ်နေတာကြောင့် ဈေးရောင်း၊ ဈေးဝယ် သွားလာဖို့တောင် လုံခြုံရေးကို အရမ်းစိုးရိမ်လာရတယ်လို့ ဘူးသီးတောင်မြို့နယ်က အမျိုးသားတယောက်က ပြောပါတယ်။

“ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ARSA တို့ RSO တို့က လမ်းသွားလမ်းလာတွေ၊ တောတောင်တွေမှာ ဟင်းရွက်ခူး ငါးရှာတွေကအစ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ၊ ခြုံခိုပစ်ခတ်တာတွေက ဒီရက်ပိုင်းတွေမှာ တော်တော်‌ေလးကို တွေ့လာရတယ်။ ဘူးသီးတောင်နဲ့ မောင်တောမှာ ARSA၊ RSO တို့ရဲ့ အန္တရာယ်က အမြဲတမ်း ကြံတွေ့နိုင်တာကြောင့် တမြို့နဲ့တမြို့ ဈေးရောင်း၊ ဈေးဝယ်ကအစ အထူးသတိပြု သွားလာနေကြရတယ်။”

အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းမှုတွေ ရှိတယ်လို့ အာရက္ခတပ်တော်က ပြောပါတယ်။

အခုသတ်ဖြတ်ခံရတဲ့ ဘူးသီးတောင်မြို့ခံ ၂ ယောက် ဖမ်းဆီးခံရတဲ့နေရာမှာ သူတို့ကို လိုက်လံရှာ‌ေဖွကြတဲ့ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြု အဖွဲ့ဝင်တွေကို အောက်တိုဘာ ၇ ရက်မှာ ARSR တပ်ဖွဲ့ဝင်တွေက ခြုံခိုတိုက်ခိုက်တာကြောင့် တပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လူထုကို ကိုယ်စားပြုခြင်းမရှိဘဲ ပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ထုတ်နိုင်မှသာ ပြည်သူတွေရဲ့ လူမှုစီးပွားကို လုံခြုံအောင် တည်ဆောက်နိုင်မှာဖြစ်တယ်လို့ မောင်တောမြို့နယ်က လူမှုရေး တက်ကြွလှုပ်ရှားသူတယောက်က ပြောပါတယ်။

“ဘူးသီးတောင်၊ မောင်တော ဆိုတာက စစ်ကောင်စီအပြင် မွတ်ဆလင်လက်နက်ကိုင်တွေ လှုပ်ရှားမှုရှိခဲ့တဲ့ နေရာဖြစ်တယ်။ လက်ရှိအချိန်အထိလည်း မွတ်ဆလင် သောင်းကျန်းသူတွေက အရပ်သားတွေကို သတ်ဖြတ်နေဆဲဖြစ်တယ်။ ပြည်သူတွေရဲ့ လူမှုစီးပွားကို လုံခြုံအောင် တည်ဆောက်နိုင်ဖို့ဆိုရင် AA အနေနဲ့ ဒီအကြမ်းဖက်အဖွဲ့တွေကို နိုင်နိုင်နင်းနင်း တိုက်ထုတ်နိုင်ဖို့ လိုအပ်တယ်။”

ဘူသီးတောင်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ် ARSA အဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း ၅ ယောက်ထက်မနည်း ရှိပါတယ်။

ဘူးသီးတောင်မြို့ကို အာရက္ခတပ်တော်က မေ ၁၈ ရက်ကတည်းက သိမ်းပိုက်ထားပြီး စစ်ကောင်စီနဲဲ့အတူ ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO၊ ARA အဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ မောင်တောမြို့မှာလည်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ နခခ ၅ မြို့သူကြီးတပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013