DVB Logo
Home
မြန်မာသတင်း
မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယ ၂ ဆတိုးဝယ်မည်
DVB
·
October 10, 2024
မြန်မာ့မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယ ၂ ဆတိုးဝယ်မည်
Donate to DVB

မြန်မာနိုင်ငံကထွက်တဲ့ ပဲတွေရဲ့ အဓိက ပို့ကုန်ဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကနေ မတ်ပဲနဲ့ ပဲစင်းငုံကို နှစ်ဆတိုးပြီး ဝယ်ယူသွားဖို့ ရှိနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက သိရပါတယ်။

အခုလက်ရှိမှာ အိန္ဒိယနိုင်ငံဟာ နှစ်နိုင်ငံချုပ်ဆိုထားတဲ့ နားလည်မှုစာချွန်လွှာ (MOU) အရ နှစ်စဉ် မတ်ပဲတန်ချိန် ၂ ဒသမ ၅ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်း မြန်မာနိုင်ငံကနေ တင်သွင်းနေတာပါ။

အဲဒီ နားလည်မှုစာချွန်လွှာဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသစ်ချုပ်မယ့် နားလည်မှုစာချွန်လွှာအသစ်မှာ တနှစ်ကို မတ်ပဲတန်ချိန် ၅ သိန်း၊ ပဲတီစိမ်းတန်ချိန် ၂ သိန်း တိုးမြှင့်ဝယ်ယူဖို့ ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အသစ်ချုပ်ဆိုမယ့် နားလည်မှုစာချွန်လွှာမှာ ပဲတီစိမ်းတန်ချိန် ၂ သိန်းနဲ့ ပြောင်းတန်ချိန် ၅ သိန်း မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို တင်သွင်းဖို့လည်း ထည့်သွင်းချုပ်ဆိုပေးဖို့ မြန်မာဘက်က အဆိုပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနဲ့ ပဲစင်းငုံ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ ဒုတိယအကြိမ် မြန်မာ-အိန္ဒိယ ပူးတွဲကြီးကြပ်ရေးကော်မတီ အစည်းအဝေးမှာ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတွေအတွက် အဓိကဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက အခုလို တိုးမြှင့်ဝယ်လာမယ့် အလားအလာဟာ ပဲစိုက်တောင်သူတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် ဖြစ်တယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။

ဒါ့အပြင် အသစ်ချုပ်မယ့် နားလည်မှုစာချွန်လွှာမှာ ပြောင်းတန်ချိန် ၅ သိန်း ဝယ်ယူပေးဖို့ အဆိုပြုချက်ကလည်း ထိုင်းဈေးကွက်ကို မှီခိုနေရတဲ့ မြန်မာ့ပြောင်းအတွက် ဈေးကွက်ချဲ့ထွင်နိုင်မယ့် အလားအလာကောင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပြောင်းကို အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ်နဲ့ စတင်တင်သွင်းနေပြီဖြစ်ပြီး အခုနှစ်မှာ တန်ချိန် ၅ သိန်း တင်ပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

နှစ်စဉ် ပြောင်းတန်ချိန် ၂ သန်းခွဲကျော်ထွက်တဲ့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံကို နှစ်စဉ် ပြောင်းတန်ချိန် ၁ သန်းကျော် တင်ပို့နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံကို တင်ပို့နေဝာာပါ။

ထိုင်းနိုင်ငံကလည်း နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်နေ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံက ပြောင်းတွေကို အခွန်လွတ်တင်သွင်းခွင့် ပြုနေပါတယ်။

ဒါပေမဲ့ အခုလက်ရှိမှာ တိုက်ပွဲတွေကြောင့် အာရှလမ်းမကြီး ပိတ်နေပြီး မြန်မာနိုင်ငံက ပြောင်းကို မြဝတီနယ်စပ်ကတဆင့် တင်ပို့ဖို့ ခက်ခဲနေပြီး ကော့သောင်း-ရနောင်း လမ်းကြောင်းနေတဆင့် ပြောင်းလဲတင်ပို့နေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013