DVB Logo
Home
အားကစား
ဘရန့်ဖို့ဒ်နှင့်ပွဲကို ဆက်လက်တာဝန်ယူကိုင်တွယ်ခွင့်ရရန်  မန်ယူနည်းပြတန်ဟတ်ဂ် မျှော်လင့်
DVB
·
October 10, 2024
ဘရန့်ဖို့ဒ်နှင့်ပွဲကို ဆက်လက်တာဝန်ယူကိုင်တွယ်ခွင့်ရရန်  မန်ယူနည်းပြတန်ဟတ်ဂ် မျှော်လင့်
Donate to DVB

ဘရန့်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို ဆက်လက်တာဝန်ယူကိုင်တွယ်ခွင့်ရလိမ့်မယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က မျှော်လင့်ထားပါတယ်။

မန်ယူအသင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက နည်းပြတန်ဟတ်ဂ်နဲ့  ၆ နာရီကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး  အသင်းဘက်က တစုံတရာတော့ ထုတ်ပြန်ခြင်း မရှိသေးတာပါ။

နည်းပြတန်ဟတ်ဂ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲအပေါ် အာရုံစိုက်နေပြီး မန်ယူအသင်းနည်းပြအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၁၄ ရောက်ရှိနေပြီး ၃၅ နှစ်အတွင်း အဆိုးရွားဆုံးရလဒ် ကြုံတွေ့နေရလို့ ဝေဖန်ခံနေရတာပါ။

မန်ယူအသင်းရဲ့ ပူးတွဲပိုင်ရှင် ဆာဂျင်ရတ်ကလပ်ဖ် ကတော့ အဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်ကိစ္စဟာ တယောက်တည်း ဆုံးဖြတ်လို့မရဘဲ အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းသွားရမယ်လို့  ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013