DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စခန်း ၂ ခုသာကျန်ဟု CNF/CNA ပြော
DVB
·
October 7, 2024
ထန်တလန်မြို့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စခန်း ၂ ခုသာကျန်ဟု CNF/CNA ပြော
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့ရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ကိုထိန်းချုပ်ထားနိုင်ပြီလို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက DVB ကို ပြောပါတယ်။

ထန်တလန်မြို့က စစ်ကောင်စီ တပ်သားတွေ တပ်စွဲနေထိုင်နေတဲ့နေရာတွေကို ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်သားတွေတပ်စွဲထားတဲ့ CB Bank ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ထန်တလန်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆလိုင်းထက်နီက ပြောပါတယ်။

“ထန်တလန်မြို့ မိန်းလမ်းမပေါ်မှာ ခြေကုတ်ယူထားတဲ့ CB Bank က စခန်းကို ကျနော်တို့ ဝင်စီးလိုက်နိုင်တယ်။ အလောင်း ၃ လောင်း ရထားတယ်။ လက်နက်အနည်းငယ်ရထားတယ်။ အခုက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတယ်။ အသေးစိတ်ကတော့ သတင်းဝင်မလားသေးဘူးခင်ဗျ။” 

ထန်တလန် မြို့ပြင်မှာရှိတဲ့ NLD ရုံးနဲ့ ရဲစခန်းအဟောင်းတို့မှာ လက်ရှိ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်း ၂ ခုသာ ကျန်တော့တာကြောင့် တမြို့လုံးကို ချင်းပြည်အစိုးရတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရှိပြီလို့ ဆိုပါတယ်။

ဆလိုင်းထက်နီက “ထန်တလန်မြို့ထဲနဲ့ အဓိက မိန်းလမ်းမကြီးတွေကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ။ ၉၀ ရာခိုင်နှုန်းကျော်လောက်ထိန်းထားနိုင်ပြီလို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။ 

ဇူလိုင် ၂၂ ရက်နေ့ကတည်းက Tilim Operation-4 အမည်နဲ့ စတင်တိုက်ခိုက်ခဲ့တဲ့ ထန်တလန်မြို့သိမ်း တိုက်ပွဲအတွင်း Auto တောင်စခန်း ၃ ခု၊ ထန်တလန် - ဟားခါးလမ်းပိုင်းရှိ စစ်တပ်စခန်းတွေနဲ့ ထန်တလန်မြို့တွင်းရှိ အခိုင်အမာတပ်စွဲထားတဲ့ လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းတို့ကို သိမ်းပိုက်ရရှိထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013