
မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဆက်လက် နိုင်ပွဲရယူသွားချင်တယ်လို့ အက်စတန်ဗီလာ နည်းပြ အူနိုင်းအမ်မရီက ပြောသွားပါတယ်။
ဗီလာအသင်းဟာ မန်ယူအသင်းနဲ့ပွဲစဉ်မတိုင်ခင် ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ နာမည်ကြီးဘိုင်ယန်မြူးနစ်အသင်းကို အံ့အားသင့်ဖွယ်ရာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
မန်ယူအသင်းနဲ့ တနင်္ဂနွေနေ့မှာကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုလည်း နိုင်ပွဲ ဆက်လက် ရရှိအောင် ယှဉ်ပြိုင်သွားမယ်လို့ အမ်မရီက ပြောပါတယ်။
မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်ကို လေးစားပြီး သူဟာ မိမိကိုင်တွယ်ဖူးတဲ့အသင်းတွေကို အနိုင်ရလဒ် ပိုမိုရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
မန်ယူအသင်းဟာ ခက်ခဲတဲ့အချိန်ရင်ဆိုင်နေရပေမဲ့ တပွဲကောင်းကစားနိုင်တဲ့ အသင်းဖြစ်တာ ကြောင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ်ထက် ပိုပြီးပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း နည်းပြအမ်မရီက ပြောပါတယ်။
Photo-Reuters