DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် Mask တပ်ပြီး ဆိုင်ကယ်မောင်းလာသည့် လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်
DVB
·
October 2, 2024
ဘိုကလေးတွင် Mask တပ်ပြီး ဆိုင်ကယ်မောင်းလာသည့် လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီး ရိုက်နှက်
Donate to DVB

ဧရာတတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက လူငယ် ၄ ယောက်ကို အောက်တိုဘာ ၁ ရက်က Mask တပ်ပြီး ဆိုင်ကယ်မောင်းလာလို့ဆိုပြီး ဖမ်းဆီးကာ ရိုက်နှက် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“စစ်ကောင်စီတပ်နဲ့ ရဲ့တွေက ရန်ကုန် - ဘိုကလေးကား လမ်းပေါ်မှာ စစ်ဆေးရေး လုပ်နေတဲ့အချိန် လူငယ်တွေက ဆိုင်ကယ် ၂ စီးနဲ့ Mask တပ်ပြီး ဆိုင်ကယ်မောင်းလာလို့ ဆိုပြီးဖမ်းတာ။ လူငယ်တွေကို စစ်ကောင်စီတပ်က ဖမ်းတဲ့အချိန် ရိုက်နှက်တာတွေပါ လုပ်တာ” လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၁၉ နှစ်ကျော်အရွယ် လူငယ်တွေကို စစ်ကောင်စီတပ်က ဘိုကလေးရဲစခန်းမှာ ဖမ်းထားပြီး ဥဒဒေနဲ့မညီတဲ့ ကြိုးတုပ်ရိုက်နှက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တယောက်က “ယောကျ်ားလေး ၄ ယောက် အဖမ်းခံရတာပါ။ အခု အထိတော့ ဘယ်ရွာကဆိုတာ အသေးစိတ်မသိရသေးဘူး။ ကျုံစိန်ဘက်ကလို့လည်း ပြောတယ်။ အခုဖမ်းတာက Mask တပ်လာလို့တဲ့။”လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားတဲ့ချိန် Mask မတက်လို့ဆိုပြီး အရပ်သားတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေကဖမ်းဆီးပြီး ဒဏ်ငွေ ၂၀၀၀၀ စီ ရိုက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013