ဘရိုက်တန်အသင်း ကနေဒါတိုက်စစ်မှူး ဒေးဗစ်ကို ခေါ်ယူ
DVB
·
August 19, 2026

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းဟာ ကနေဒါလက်ရွေးစင် တိုက်စစ်မှူး ပရိုမစ်ဒေးဗစ်ကို ခေါ်ယူလိုက်ပါတယ်။
ဘရိုက်တန်ဟာ ဘယ်လ်ဂျီယံကလပ် ရိုယဲလ်ယူနီယံစိန့်ဂီလွိက်စ်ကနေ ဒေးဗစ်ကို တရာသီ အငှားစာချုပ်နဲ့ ခေါ်ယူတာ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အငှားစာချုပ်အပြီးမှာ ဘရိုက်တန်အသင်းအနေနဲ့ ဒေးဗစ်ကို ပေါင် ၂၂ သန်းနဲ့ အပြီးသတ်ဝယ်ယူရမဲ့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ကနေဒါတိုက်စစ်မှူးဟာ ဘရိုက်တန်ရဲ့ တိုက်စစ်အတွက် အရေးပါတဲ့ ကစားသမားတယောက် ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။











