DVB Logo
Home
နိုင်ငံတကာ
ဩစတြီးယား ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်သည့် လက်ယာစွန်းဝါဒီများ အနိုင်ရ
DVB
·
October 1, 2024
ဩစတြီးယား ရွေးကောက်ပွဲ၌ ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်သည့် လက်ယာစွန်းဝါဒီများ အနိုင်ရ
Donate to DVB

ဥရောပမှာ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး အမြင်တွေ အားကောင်းလာချိန်၊  ဩစတြီးယား ရွေးကောက်ပွဲမှာလည်း လက်ယာစွန်းဝါဒီ ဖရီးဒမ်းပါတီ (FPO)က ပထမဆုံးအကြိမ် ရွေးကောက်ပွဲ အောင်ပွဲရခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ် ဟားဘတ်ကစ်ကယ်လ် ဦးဆောင်တဲ့ ဖရီးဒမ်းပါတီကို ၁၉၅၀ ပြည့်လွန်နှစ်တွေကတည်းက နာဇီလွှတ်တော် အမတ်ဟောင်းတယောက်က စတင်ထူထောင်ခဲ့တာပါ။

အရင်က ပါတီငယ်လေးအဖြစ်သာရှိခဲ့ပေမဲ့ ဥရောပမှာ ရွှေ့ပြောင်းဆန့်ကျင်ရေး၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတွေ ရေပန်းစားလာချိန်မှာ အင်အားကောင်းလာတာ ဖြစ်ပါတယ်။

ဖရီးဒမ်းပါတီဟာ အစ္စလာမ် မလိုလားတဲ့ အမြင်ရှိသလို ရွှေ့ပြောင်းလုံးဝလက်မခံဖို့အထိ ရည်ရွယ်တာဖြစ်ပြီး၊ ဝင်လာလို့မရအောင် ဩစတြီးယားခံတပ်ကြီး ဆောက်မယ်လို့ ကြွေးကြော်ထားပါတယ်။

ဥရောပပေါင်းစည်းမှုကို မလိုလားတဲ့၊ ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့  FPO ပါတီက မဲ ၂၈ ဒသမ ၈ ရာခိုင်နှုန်းရခဲ့ပြီး  လက်ရှိ အာဏာရ ဩစတြီးယားပြည်သူ့ပါတီ (OVP)က ၂၆ ဒသမ ၃ ရာခိုင်နှုန်းပဲရခဲ့ပါတယ်။

ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPO) ကတော့ ၂၁ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေပြီး အင်အားစုကြီးသုံးစု အားပြိုင်တဲ့ လွှတ်တော်တရပ် ပေါ်ထွက်လာပါတယ်။

ဘယ်ပါတီမှ မဲထက်ဝက်မကျော်ရင် မဲအများဆုံးရတဲ့ ပါတီက ဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အရင်ကြိုးပမ်းခွင့်ရမှာဖြစ်ပေမဲ့ အဓိက ပါတီကြီးတွေက FPO နဲ့ မပူးပေါင်းဘူးလို့ ငြင်းထားပါတယ်။

တကယ်လို့ လက်ယာစွန်းရောက် ဖရီးဒမ်းပါတီသာ အစိုးရမဖွဲ့နိုင်ခဲ့ရင်  အစဉ်အလာပြိုင်ဘက်တွေ ဖြစ်တဲ့ ကွန်ဆာဗေးတစ်တွေနဲ့ လစ်ဘရယ်တွေ ညွန့်ပေါင်းအစိုးရဖွဲ့တာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီနှစ်ပိုင်းတွေထဲ ဥရောပမှာ လက်ယာစွန်းဝါဒီတွေ အားကောင်းလာပြီး နယ်သာလန်၊ ပြင်သစ်၊ ဂျာမနီတို့မှာ တဟုန်ထိုးအားကောင်းလာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013