DVB Logo
Home
မြန်မာသတင်း
PNA ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅၀၀၀ ဖြင့် အင်အားပြ (ဓာတ်ပုံ)
DVB
·
September 30, 2024
PNA ပအိုဝ်းပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁၅၀၀၀ ဖြင့် အင်အားပြ (ဓာတ်ပုံ)
1 / 10
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ပေါမူကျေးရွာမှာ တပ်သားသစ်စုဆောင်းခံထားရတဲ့ PNA ပအိုဝ်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် အင်အား ၁၅၀၀၀ ကျော်  စက်တင်ဘာ ၃၀ ရက်က စီတန်း အင်အားပြခဲ့ကြတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

စစ်သင်တန်းပေးတာကို တပတ်လောက်ပြုလုပ်ခဲ့ကာ ပအိုဝ်းဒေသမှာ ပြည်သူ့စစ်အင်အား ၁၅၀၀၀ ထိရအောင် အတင်းစုဆောင်းထားတယ်လို့ သိရပြီး အင်အားပြမှုမှာ လူအယောက် ၁၅၀၀၀ ပြည့်မပြည့်ကိုတော့ မသိရသေးပါဘူး။

အင်အားပြမှုကို အထောက်အကူဖြစ်စေဖို့အတွက် အိမ်ထောင်စုတစုကို ငွေကျပ် ၉၀၀၀၀ စီ ထည့်ဝင်ကြရပါတယ်။

ဒေသခံတယောက်က“တောင်ကြီးမြောက်ဘက်မှာရှိတဲ့ ပအိုဝ်းရွာတိုင်းနီးပါးကို ငွေကောက်တာ။ သူတို့အင်အားပြတာအတွက်ပေါ့။ တချို့အိမ်တွေဆိုရင် လူလည်း ၂ ယောက် ၃ ယောက်သွားပေးရတယ်။ တအိမ်တယောက်တော့အနည်းဆုံးသွားပေးရတယ်” ပြောပါတယ်။

လွယ်တော်ကျေးရွာအုပ်စု၊ နန်းဟောင်းမွေတော်အုပ်စု၊ နန်းဟူကျေးရွာအုပ်စု၊ ဖက်ကွန် ကျေးရွာအုပ်စု စတဲ့ ကျေးရွာတွေကနေ ငွေကြေးကောက်ခံပြီး  စစ်အသုံးအဆောင် ဝယ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

PNA နဲ့ စစ်ကောင်စီတပ်တို့က ဖယ်ခုံနဲ့ ပင်လောင်းအနီးနားနေရာတွေကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတာကြောင့် ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေပြီး အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

အင်အားပြပွဲကို မူလက စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ဖို့ လျာထားပေမယ့် စက်တင်ဘာ ၃၀ ရက်မှ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013