DVB Logo
Home
မြန်မာသတင်း
၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် နှိပ်စက်ခဲ့သည့် မွေးစားဖခင် ဖမ်းဆီးခံရ
DVB
·
September 27, 2024
၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် နှိပ်စက်ခဲ့သည့် မွေးစားဖခင် ဖမ်းဆီးခံရ
Donate to DVB

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုထဲက ကျေးရွာတရွာမှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို အဓမ္မပြုကျင့်ပြီး နှိပ်စက်ခဲ့တဲ့ လင်မယား ၂ ယောက်ထဲက အမျိုးသားဖြစ်သူ ဦးတင်ဇော်ဝင်းကို ရဲစခန်းမှာ ဖမ်းဆီးထားလိုက်ပြီလို့ လိုက်ပါကူညီပေးနေတဲ့ Save The Trees Rescue Team အဖွဲ့ထံက သိရပါတယ်။

၅ နှစ်အရွယ် ကလေးငယ်ကို ရေနွေးပူနဲ့လောင်း၊ လက်သီးနဲ့ထိုးကြိတ် နှိပ်စက်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားဖခင်ဖြစ်သူ ဦးတင်ဇော်ဝင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ နစ်နာသူကလေးငယ်ရဲ့ မိသားစုဝင်တွေနဲ့ အုတ်တွင်းမြို့မရဲစခန်းမှာ ညှိနှိုင်းဖို့လာချိန် ရဲကဖမ်းဆီးထားပြီး ရဲစခန်းမှာပဲ ချုပ်ထားတာလို့ Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက ပြောပါတယ်။

“လောလောဆယ်တော့ ကလေးနဲ့ပတ်သက်တဲ့ ဆေးစစ်ချက် ယူနေပါတယ်။ အဲဒီဆေးစစ်ချက်ပေါ် မူတည်ပြီး ဘယ်ပုဒ်မနဲ့ အမှုဖွင့်မလဲဆိုတာ လုပ်ထုံးလုပ်နည်းတွေအရ ဆက်လုပ်သွားမှာပါ။ သူတို့ဘက်ကလည်း လွတ်ဖို့အတွက် ညှိဖို့ကြိုးစာနေတာ။ ဘယ်လိုမှ ညှိလို့မရတော့ဘူး။”

အဓမ္မပြု နှိပ်စက်ခံခဲ့ရတဲ့ ကလေးငယ်ရဲ့ မိဘအရင်းတွေဟာ ကွဲကွာနေပြီး အဘိုးအဘွားတွေက စောင့်ရှောက်ခဲ့ကြရာကနေ ဆက်လက်စောင့်ရှောက်ဖို့ မတတ်နိုင်တော့တာကြောင့် တရွာတည်းနေသူ တင်ဇော်ဝင်းနဲ့ ဇနီးဖြစ်သူ မပိုပိုချစ်တို့က ၂၀၂၃ ခုနှစ်ထဲက မွေးစားထားခဲ့ကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက “ကလေး ဆေးရုံက ဆင်းလာတဲ့အချိန် အဘိုးအဘွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗလပွနဲ့ပါ။ ကလေးရောဂါကိုတော့ မိသားစုက ဆေးမြီးတိုနဲ့ ဆက်ကုပါတယ်။ ကလေး ညအိပ်တော့ မိန်းမကိုယ်က အောင့်တယ်ပြောလို့ ကြည့်တော့ ရောင်ကိုင်းနေတာကို တွေ့တယ်။ ဆက်မေးတော့ ‌‌မွေးစားအဖေက အိမ်မှာတခါ တောထဲမှာတခါ လုပ်တယ်ပြောပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး မျက်နှာကို ဓားနဲ့ခုတ်တယ်။ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်တယ်။ လက်ကို မီးနဲ့ရှို့တယ်။ ထမင်းအငတ်ထားတယ်။ မျက်နှာကို လက်သီးနဲ့ထိုးလို့ သွားတွေကျိုးပြီး သွားဖုံးတွေ ကွဲသွားတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိမှာတော့ ကလေးငယ်မှာ ရရှိထားတဲ့ အတွင်းဒဏ်ရာတွေနဲ့ ပြင်ပဒဏ်ရာတွေက သက်သာတာမရှိသေးဘဲ ဆက်လက်ဆေးကုသနေရကာ လတ်တလောမှာ ကလေးငယ်ရဲ့ အဘိုးနဲ့ အဘွားမှာ ငွေကြေးချို့တဲ့တာကြောင့် ဆေးကုသဖို့နဲ့ တခြားအကူအညီတွေ အများအပြား လိုအပ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ကလေးငယ်မှာလည်း နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေ သက်သာဖို့ အရေပြားနဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ကုသဖို့အပြင် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့လည်း ပြသဖို့ လိုအပ်နေတာကြောင့် Save The Trees Rescue Team က ကူညီစောင့်ရှောက်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013