DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာကို စစ်ကောင်စီပယ်ချ
DVB
·
September 25, 2024
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာကို စစ်ကောင်စီပယ်ချ
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးလုပ်တဲ့ အပြန်အလှန်ဆွေးနွေးပွဲကို ကန့်ကွက်ပြီး ‘မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (A/HRC/57/56)’ ခေါင်းစဉ်ပါ အစီရင်ခံစာတခုလုံးကို ပယ်ချတယ်လို့ စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဌာနက  စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ခေတ်အဆက်ဆက်က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအကြောင်းကို ကုလသမဂ္ဂမှာ ဆွေးနွေးတဲ့အခါ ကန့်ကွက်လေ့ရှိခဲ့သလိုပဲ အခုလည်း ကန့်ကွက်နေတာဖြစ်ပြီး အဲဒီ ဆွေးနွေးပွဲ တွေကနေ အရည်အသွေးမပြည့်မီတဲ့ အစီရင်ခံစာတွေနဲ့ အကျိုးမဲ့တဲ့ ဆွေးနွေးတာတွေကိုပဲ ဆက်လက်ဖြစ်ပေါ်စေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် အစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ‘မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေ’ ခေါင်းစဉ်နဲ့ အစီရင်ခံစာအပေါ် စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံမပါဘဲ အပြန်အလှန် ဆွေးနွေးပွဲကျင်းပခဲ့တာပါ။

ဒီဆွေးနွေးပွဲဟာ ဒီနှစ်အတွင်းမှာ ကောင်စီရဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားတဲ့ အပြန်အလှန်ဆွေးနွေးတဲ့ အရေအတွက်ဟာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားခဲ့ပြီးနောက် အခု ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းနေတယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနကဆိုပြီး အစွန်းရောက်နိုင်ငံရေးသမားတွေက  ရွေးကောက်ပွဲမသမာမှုကို တရားဥပဒေနဲအညီမဖြေရှင်းဘဲ လက်နက်ကိုင်လှုပ်ရှားခဲ့တာကြောင့် လူပေါင်း ၈,၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နယ်မြေရရှိရေးအတွက် တိုက်ခိုက်တာတွေကို သိသိသာသာ တိုးမြှင့်လာပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့ပေမဲ့ MNDAA နဲ့ TNLA တို့က ဇွန်လမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့မှာ တိုက်ခိုက်တာတွေ ပြန်လည်စတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ ထိတွေ့ တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (ROE) နဲ့ ပြည်တွင်းဉပဒေတွေနဲ့အညီ လိုအပ်တဲ့ တန်ပြန် တုံ့ပြန်တာတွေကိုပဲ စနစ်တကျလုပ်ခဲ့ပြီး အခုဆိုရင် ချင်း၊ ကယား၊ ရှမ်းနဲ့ ကရင်ပြည်နယ် နေရာအနှံ့အပြား၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ တည်ငြိမ်အေးချမ်းနေပြီလို့လည်း ဆိုပါတယ်။

ပြီးတော့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာဖွဲ့အစည်းတွေကို လူသားချင်း စာနာမှု လုပ်ငန်းတွေလုပ်နိုင်အောင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကနေ မေလအထိ ခရီးသွားလာခွင့် အကြိမ်ရေ ၁,၀၀၀ ကျော်နဲ့ နိုင်ငံခြားသံရုံးတွေကို အကြိမ်ရေ ၂၀၀ ကျော် ခွင့်ပြုပေးခဲ့တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ၅၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၁၁ ရက်အထိ ကျင်းပနေတာဖြစ်ပြီး မဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးပွဲဟာ လက်ရှိ ကောင်စီအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရား (IIMM) ရဲ့ ဆွေးနွေးပွဲပြီးနောက် ဒုတိယမြောက် ကျင်းပတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013