DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ရေဘေးကူညီသည့် ပရဟိတအဖွဲ့များ  ကန့်သတ်တားမြစ်ခံရ
DVB
·
September 24, 2024
ညောင်လေးပင်တွင် ရေဘေးကူညီသည့် ပရဟိတအဖွဲ့များ  ကန့်သတ်တားမြစ်ခံရ
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက ရေဘေးကူညီထောက်ပံ့တဲ့အသင်းအဖွဲ့တွေကို စစ်ကောင်စီတပ်က ကန့်သတ်တားမြစ်တာတွေကြောင့် ရေဘေးသင့်ပြည်သူ ၁၆၀,၀၀၀ ကျော်ကို ကူညီဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့  စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်ဟာ ၃ နယ်မြေ၊ ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်အတွင်း စက်တင်ဘာ ၁၀ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာ၊ စစ်တောင်းမြစ်အထက်ပိုင်းက ဆည်တွေကနေ ရေလွှတ်ခဲ့တာကြောင့် ရေကြီးရေလျှံတာတွေ ဒုတိယအကြိမ်ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီး‌ရေလျှံမှုကြောင့် ကျေးရွာ ၃၀၀ နီးပါး၊ အိမ်ခြေ ၃၂၀၀၀ ကျော်၊ လူဦးရေ ၁၆၀,၀၀၀ ကျော်ဟာ ရေဘေးသင့်ခဲ့ရပါတယ်။

ရေဘေးကူညီထောက်ပံ့တဲ့အသင်းအဖွဲ့တွေကို စစ်ကောင်စီတပ်က ကန့်သတ် တားမြစ်တာတွေကြောင့် ရေဘေးသင့်ပြည်သူတွေဟာ လိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူက ပြောပါတယ်။

“တပ်မဟာ ၃ KNU ထိန်းချုပ်နယ်မြေမှာရှိတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ကျေးရွာကအဖွဲ့တွေလောက်ပဲ။ ဒီဘက်ကိုလာတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လာပြီးကူတာတွေကို တားဆီးတာတွေ၊ ဖမ်းဆီးတာတွေ၊ ပစ္စည်းသိမ်းတာတွေရှိတယ်။ အခက်အခဲရှိတယ်။ လိုအပ်ချက်တွေက အများကြီးရှိတယ်။”

တပ်မဟာ ၃ နယ်မြေအတွင်း ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ စစ်ဘေးအပြင် ရေးဘေးဒဏ်ပါခံစားနေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ဒါအပြင် ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ကို စစ်တောင်းမြစ်ရေဝင်ရောက်ပြီး မြစ်ကမ်းနဘေး နေထိုင်တဲ့ ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက် ၂၃  ခုက လူဦးရေ ၃၀၀၀၀ လောက်ဟာ ကယ်ဆယ်ရေးစခန်း ၄၀ လောက်မှာခိုလှုံနေရပါတယ်။

လက်ရှိမှာ ရေပြန်လည်ကျဆင်းနေတာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေကနေ ပြန်သွားကြပြီဖြစ်လို့ ရေဘေးစခန်း အနည်းငယ်နဲ့ ရေဘေးသင့်ပြည်သူ အနည်းငယ်လောက်ပဲ ကျန်ရှိပါတော့တယ်။

စစ်တောင်အရှေ့ခြမ်းက နေရပ်ပြန်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရာမှာ စားရိက္ခာတချို့ကို စစ်ကောင်စီတပ်က  ကန့်သတ်တားမြစ်ထားတယ်လို့ ပရဟိတအသင်းတာဝန်ရှိသူက ပြောပါတယ်။

“ရေကပတ်ပတ်လည်တော့ မကျသေးဘူး။ ရေဘေးသင့်စခန်းတွေက နည်းနည်းလေးပဲကျန်တော့တယ်။ မြို့ပေါ်နည်းနည်းနဲ့ ရွာပေါ်နည်းနည်းကျန်တယ်။  ပြန်လည်ထူထောင်ရေအတွက် စနေပြီး။  အခု ရွာတွေဘက်ကို ထူထောင်ရေးဆင်းနေတယ်။ အခက်အခဲက ဘယ်လောက်ခက်ခဲခဲ သွားရ ရောက်အောင်ပို့ရတယ်။  ကန့်သတ်နယ်မြေ အတွင်းကို ဆန်၊ ဆီ၊ ဆား၊ ငပိ၊ စက်သုံးဆီတားမြစ်ထားတယ်။ ကန့်သတ်နယ်မြေတော့ ပို့လို့မရဘူး။”

တောင်ငူမြို့မှာ စက်တင်ဘာ ၁၆ ရက်အထိ ရပ်ကွက်အတွင်းက ရေနစ်သေဆုံးသူရုပ်အလောင်း ၇ လောင်း ရှာဖွေတွေရှိထားပါတယ်။

ဒါအပြင် ဒုတိယအကြိမ်ရေကြီးရေလျှံမှုကြောင့် ညောင်လေးပင်ခရိုင်အတွင်း ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။

ရေဘေးသင့်ပြင်သူတွေဟာ အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့နေထိုင်နေပေမဲ့ နေထိုင်စားသောက်ရေးအတွက် အရေးပေါ်အကူအညီတွေနဲ့ ဆေးဝါးတွေလိုအပ်နေပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013