DVB Logo
Home
အားကစား
ပထမပိုင်းက ခြေစွမ်းအရ မန်ယူ အနိုင်ရသင့်ဟု နည်းပြတန်ဟတ်ဂ် သုံးသပ်
DVB
·
September 22, 2024
ပထမပိုင်းက ခြေစွမ်းအရ မန်ယူ အနိုင်ရသင့်ဟု နည်းပြတန်ဟတ်ဂ် သုံးသပ်
Donate to DVB

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပထမပိုင်းက ခြေစွမ်းအရ မန်ယူအသင်း အနိုင်ရရှိသင့်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ စက်တင်ဘာ ၂၁ ရက် မနေ့ညက ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ 

သရေကျခဲ့ပေမဲ့ ပထမပိုင်းက ခြေစွမ်းအရဆိုရင် ၁ ဂိုး ၂ ဂိုးလောက် ရရှိသင့်ပြီး အနိုင်ရရှိသင့်တဲ့ ပွဲစဉ်ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောခဲ့တာပါ။

အသင်းတိုက်စစ်ကစားသမားတွေအနေနဲ့ ဂိုးဧရိယာရှေ့မှာ ပါးနပ်မှုရှိဖို့ လိုအပ်ပြီး အဲဒီအချက်က ပြင်ဆင်သွားဖို့လိုအပ်နေတဲ့အရာ ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013