DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း မိုးစပါးခင်းများ ပိုးကျရောက်သဖြင့်  ပျက်စီး
DVB
·
September 21, 2024
ကရင်ပြည်နယ်အတွင်း မိုးစပါးခင်းများ ပိုးကျရောက်သဖြင့်  ပျက်စီး
Donate to DVB

ကရင်ပြည်နယ်အတွင်း  မိုးစပါးခင်းတွေ ပိုးမွှားကျရောက်ပြီး စပါးခင်း ပျက်စီးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ဇူလိုင်နဲ့ စက်တင်ဘာလအတွင်း  ရေကြီးနစ်မြုပ်မှုမရှိဘဲ ကျန်ရှိခဲ့တဲ့ မိုးစပါးခင်းတွေဟာ ပိုးမွှားကျရောက်ပြီး စပါးခင်းတိုင်းလိုလို ပျက်စီးတာတွေ ရှိတယ်လို့ လှိုင်းဘွဲမြို့နယ်အတွင်းက လယ်စိုက်တောင်သူတွေက ပြောပါတယ်။

လယ်စိုက်တောင်သူတဦးက “၆ လပိုင်းလောက်က စပြီး  နည်းနည်းအဝါရောင်လောက်ပဲ ရှိနေတယ်။ ဒီပိုးက ကိစ္စမရှိလောက်ဘူးလို့ ထင်နေတာ။ ဖြစ်နေကြအတိုင်းထင်နေတာ။ နောက်ပိုင်းက မဟုတ်ဘူး။ လောင်ပိုးထင်တယ်။ တခါတည်း အမြစ်ပါပြတ်တယ်။ ဒီပိုးက နေရာတိုင်းလိုလို ဖြစ်တယ်။ လာမယ့်နှစ် လယ်သမားတွေ ဒုက္ခတွေနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်” လို့ ပြောပါတယ်။

စပါးခင်းပျက်စီးတာတွေနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဌာနက  ဆွေးနွေးတာ၊ ကွင်းဆင်းပြီး လာကြည့်တာ၊ နည်းပညာ လာရောက် မျှဝေတာတွေ မရှိတာကြောင့် စပါးခင်းတွေ ပျက်စီးဆုံးရှုံးမှု များတယ်လို့  လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ဒ့ါအပြင် ကော့ကရိတ်မြို့နယ်၊ ကမ်းနီ၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ၊ ကော့ဂိုး၊ ခရစ်၊ သရက်တော၊ ကျော်ဖျာကျေးရွာက လယ်တိုင်းလိုလို ပိုးကျရောက်ခဲ့တာကြောင့် ပျက်စီးကုန်ပြီလို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ကော့ဘိန်းကျေးရွာ လယ်စိုက်တောင်သူတဦးက “ကုန်းပိုင်းကျတော့ စပါးခင်းတွေ ပိုးကျပြီး ပျက်စီးကုန်ပြီ။ နောက် မြေနိမ့်ပိုင်းကျတော့ ရေနစ်လို့ အကုန်လုံးသေကုန်ပြီ။ ဧကကျတော့ ကျနော်လည်း မခန့်မှန်းတတ်ဘူး။ စိုက်ပျိုးရေးက ကွင်းဆင်းတာလည်း မရှိဘူးလို့ ကော့ဘိန်းကျေးရွာ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရက ကော့ကရိတ်၊ ဂျိုင်းမြစ်ဘက်အခြမ်း ကော့ဘိန်းကွင်းကို black(ဘလက်ခ်)ဧရိယာ သတ်မှတ်ပြီး  ဖြတ် ၄ ဖြတ်နဲ့ လုပ်ထားတာကြောင့် စိုက်ပျိုးရေးဌာနက နည်းပညာနဲ့ ပံ့ပိုးမှုတွေ  မရရှိဘဲ မိုးစပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ လယ်စိုက်တောင်သူတွေက ပြောပါတယ်။

မိုးစပါးခင်းပိုးကျရောက် ပျက်စီးခဲ့တာနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဧကစာရင်းကို လုံခြုံရေးနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် DVB က မရရှိခဲ့သလို စိုက်ပျိုးရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာလည်း စပါးခင်းပိုးကျရောက် ပျက်စီးတာတွေနဲ့ ပတ်သက်ပြီး မြေစာရင်းဦးစီးဌာနဘက်က တင်ပြလာတာ မရှိတဲ့အတွက် မသိရှိဘူးလို့  ပြောပါတယ်။

ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ၄ သိန်းကျော်လျာထားပြီး ဇူလိုင်လအတွင်းက စိုက်ပျိုးပြီးဧက ၁၁၀၀၀ ကျော်ရေကြီးနစ်မြုပ်ခဲ့ကာ ဧက ၂၅၀၀ ထိခိုက်ခဲ့ပြီး ဧက ၂၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ဒ့ါအပြင် မြဝတီမြို့နယ်အတွင်း စိုက်ပျိုးပြီး အစေ့ထုတ်ပြောင်း ဧက ၁၆၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်ရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013