DVB Logo
Home
နိုင်ငံတကာ
ရေဘေးအတွက် အရေးပေါ် ဘဏ္ဍာရေး ကူညီရန် EU လွှတ်တော်အမတ်များ ဆော်ဩ
DVB
·
September 20, 2024
ရေဘေးအတွက် အရေးပေါ် ဘဏ္ဍာရေး ကူညီရန် EU လွှတ်တော်အမတ်များ ဆော်ဩ
Donate to DVB

ဥရောပအလယ်ပိုင်းက ရေကြီးရေလျှံမှုတွေကြောင့် ပျက်စီးဆုံးရှုံးတာတွေကို ကူညီကယ်ဆယ်ဖို့ ဥရောပအစုအဖွဲ့ရဲ့ သွေးစည်းရေး ရန်ပုံငွေကနေ ငွေကြေးအကူအညီကို အလျင်အမြန် ထုတ်ပြန်ပေးဖို့ ဥရောပလွှတ်တော်အမတ်တွေက စက်တင်ဘာ ၁၈ ရက်မှာ တောင်းဆိုပါတယ်။

အနည်းဆုံး ဆယ်စုနှစ် ၂ ခုအတွင်း ဥရောပအလယ်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ရိုမေးနီးယားနိုင်ငံကနေ ပိုလန်နိုင်ငံအထိ ပျက်စီးခဲ့တာပါ။

ဒါကြောင့် မြို့တွေမှာ အမှိုက်တွေနဲ့ အပျက်အစီးတွေ ပြန့်ကျဲနေပြီး တံတားတွေ ပျက်စီးခဲ့ပါတယ်။

ကားတွေ ရေမြုပ်ကုန်ပြီး အာဏာပိုင်တွေနဲ့ အိမ်သူအိမ်သားတွေ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ အပျက်အစီးတွေအတွက် လျော်ကြေးငွေတွေကို တောင်းခံထားခဲ့ပါတယ်။

မိုဆွန်မက်ယာရိုဗာမြို့ကို ကာကွယ်ရေး ကြိုးပမ်းတဲ့အနေနဲ့ လဂ်တာမြစ်က ရေတွေကို အရေးပေါ် ဆည်တခုဆီ သွယ်ယူဖို့ နိုင်ငံအနောက်မြောက်ဘက်က ဆည်တခုကို ဟန်ဂေရီ အာဏာပိုင်တွေက ဖွင့်လှစ်ခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံမှာ ရေပမာဏအများစု လျော့နည်းသွားပေမဲ့ ဘိုဟီးမီးယားတောင်ပိုင်းနေရာ တချို့မှာ မြစ်တွေရဲ့ ရေမျက်နှာပြင်က အမြင့်ဆုံး ဖြစ်နေဆဲပါ။

အဆိုးဆုံးဒေသမှာ နေသူတွေက ဩစတြီးယားနဲ့ ပိုလန်မြို့တော်တွေကို ချိတ်ဆက်ထားတဲ့ လမ်းပေါ်မှာရှိပြီး ချက်သမ္မတနိုင်ငံ ပရပ်ဂ်ကို သန့်ရှင်းရေးလုပ်ကူနေတယ်လို့ ချက် ဘဏ္ဍာရေးဝန်ကြီး ဇဘစ်ညက် စတန်ဂျူရာက ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးပေမဲ့ ရေဘေးကယ်ဆယ်ရေးအတွက် ဘတ်ဂျက်ပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုပေးစေလိုတယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013