
အကောင်းဆုံးနောက်ခံကစားသမားဖြစ်လာဖို့ ဆုဖလားတွေရယူနိုင်ဖို့ လိုအပ်နေသေးကြောင်း အာဆင်နယ်နောက်ခံလူ ဝီလီယံဆာလီဘာက ပြောသွားပါတယ်။
ပြင်သစ်လက်ရွေးစင်ခံစစ်မှူးဟာ အာဆင်နယ်မှာ ခြေစွမ်းပြနေပြီး ယူရိုပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာလည်း အဓိကနောက်ခံလူအဖြစ် ပွဲထွက် ကစားခွင့်ရခဲ့တာပါ။
အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ကြတာကို ကျေနပ်ပေမဲ့ အဲဒီလို ဖြစ်လာဖို့ အတွက်တော့ ဆုဖလားတွေရယူနိုင်ဖို့လိုအပ်ကြောင်း၊ ဆုဖလားရယူနိုင်ခြင်းမရှိသေးတာက အကောင်းဆုံး နောက်ခံကစားသမားဖြစ်လာဖို့ အတားအဆီးသဖွယ်ဖြစ်နေကြောင်း ဆာလီဘာက ပြောပါတယ်။
ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းကို စိန်ခေါ်နိုင်ဖို့လိုအပ်ပြီး ချန်ပီယံဆုအတွက်ဆိုရင် ခုထက်ပိုတဲ့စွမ်းဆောင်နိုင်မှုတွေလိုအပ်ကြောင်း ဆာလီဘာက ပြောသွားပါတယ်။
Photo-Reuters










