DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးတည်ဆောက်ရန် ရူပီးကုဋေ ၃၀,၀၀၀ ကျော် သုံးစွဲခွင့်ပြု
DVB
·
September 19, 2024
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးတည်ဆောက်ရန် ရူပီးကုဋေ ၃၀,၀၀၀ ကျော် သုံးစွဲခွင့်ပြု
Donate to DVB

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရိုးတခု တည်ဆောက် ဖို့အတွက် ရူပီးငွေကုဋေ ၃၁,၀၀၀ ထိ သုံးစွဲသွားဖို့ အစိုးရက ခွင့်ပြုပေးလိုက်တဲ့အကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက စက်တင်ဘာ ၁၈ ရက်မှာ အတည်ပြုပြောလိုက်ပါတယ်။

အရှည် ၁,၆၄၃ ကီလိုမီတာ ရှိတဲ့ မြန်မာနဲ့ နယ်စပ်တလျှောက်မှာတော့ အာရန်နာချယ် ဒေသပြည်နယ်နဲ့ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရ ပြည်နယ်နဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ ထိစပ်နေတာပါ။

လတ်တလောမှာတော့ လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားရာ ဇစ်မြစ်လို့ ဆိုနိုင်တဲ့ မ ဏိပူရပြည်နယ်ထဲမှာ နယ်စပ်စည်းရိုးတလျှောက် ကီလိုမီတာ ၃၀ လောက် စည်းရိုးကာရံမှု လုပ်ငန်းတွေ ပြီးစီးခဲ့တဲ့အကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ် ရှားက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်က တမူးမြို့နဲ့ နယ်စပ် မိုရေးမြို့အနီးမှာလည်း ၁၀ ကီလိုမီတာ လောက် နယ်စပ်ခြံစည်းရိုးတည်ဆောက်ခဲ့ပြီးဖြစ်သလို ကျန်ရှိနေတဲ့ နောက်ထပ် ၂၁ ကီ လိုမီတာလောက်ကိုလည်း မဏိပူရပြည်နယ်ထဲက တခြားနေရာတွေမှာ လုပ်ဆောင်နေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေကြရတာဖြစ်ပြီး ခုလိုခြံစည်းရိုးခတ်လိုက်တာက အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာ သွားလာလှုပ်ရှားမှုရဲ့ အဆုံးသတ် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေး ပဋိပက္ခဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့်လို့ ပြည်နယ်အစိုးရက ယူဆပြီး ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာပါက ဒေသခံအချင်းချင်း ဟန်ချက်ညီမှုကို မတည်မငြိမ် ဖြစ်စေမှာကိုလည်း အစိုးရက စိုးရိမ်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒေသတွင်း ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိနိုင်ရေးအတွက် ကသည်းနဲ့ ကူကီးအသိုက်အဝန်း နှစ်ခုစလုံးနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ဒေသတွင်း လူမျိုးရေး ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၂၃၇ ဦး သေဆုံးခဲ့ရသလို လူပေါင်း ၆၀,၀၀၀ ကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013