DVB Logo
Home
အားကစား
အင်္ဂလန်တိုက်စစ်မှူး အင်ဒီကာရိုးလ် ပြင်သစ်စတုတ္ထတန်းကလပ်ဆီ ပြောင်းရွှေ့
DVB
·
September 19, 2024
အင်္ဂလန်တိုက်စစ်မှူး အင်ဒီကာရိုးလ် ပြင်သစ်စတုတ္ထတန်းကလပ်ဆီ ပြောင်းရွှေ့
Donate to DVB

အင်္ဂလန်တိုက်စစ်မှူး အင်ဒီကာရိုးလ်ဟာ ပြင်သစ်စတုတ္ထကလပ် ဘော်ဒိုးအသင်းဆီ ပြောင်းရွှေ့ သွားပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လီဗာပူးနဲ့ နယူးကာဆယ် တိုက်စစ်မှူးဟာ  မနှစ်ကရာသီက ပြင်သစ် ဒုတိယတန်းကလပ်  အမ်မီယန်အသင်းမှာ ပါဝင်ကစားခဲ့တာပါ။

ကာရိုးလ်ရဲ့ အရပ်အမောင်း၊ ဂိုးသွင်းစွမ်းဆောင်ရည်တွေနဲ့  တိုက်ရည်ခိုက်ရည်စိတ်တွေက အသင်း ကို အများကြီးကူညီပေးနိုင်မှာဖြစ်တယ်လို့ ဘော်ဒိုးအသင်းက ထုတ်ပြန်ပါတယ်။

နယူးကာဆယ်အသင်းမှာ ကစားသမားဘဝစတင်ခဲ့သူ ကာရိုးလ်ဟာ  အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ၉ ပွဲကစားခဲ့ပြီး လီဗာပူး၊ ဝက်စ်ဟမ်း၊ ရက်ဒင်း၊ ဝက်စ်ဘရွန်းအစရှိတဲ့ အသင်းတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013