DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပမည် 
DVB
·
September 18, 2024
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပမည် 
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် လက်ရှိအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အောက်တိုဘာလထဲမှာ ဒုတိယအကြိမ် ထပ်မံဆွေးနွေးဖို့ ရှိတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ကြမယ့် အဖွဲ့အစည်းတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို သီးသန့်စီ ခွဲမတွေ့တော့ဘဲ ပြီးခဲ့တဲ့လ ဩဂုတ် ၂၃ ရက်မှာ  သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နောက်လထဲမှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးကြဖို့ သဘောတူခဲ့တာပါ။

ဒီတကြိမ်တွေ့ဆုံပွဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးနဲ့ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ရေးအကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်းတွေကို ဘယ်လိုကျော်လွှားကြမလဲဆိုတာတွေကို‌ ဆွေးနွေးကြဖို့ ရှိနိုင်ပေမဲ့ တွေ့ဆုံကြမယ့်ရက်နဲ့ အကြောင်းအရာတွေကိုတော့ အခုချိန်ထိ မသိရသေးဘူးလို့  NCA လက်မှတ်ထိုး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၇ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က  ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေးအကျပ်အတည်းနဲ့ နိုင်ငံရေးအကျပ်အတည်း တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာ မကျေလည်မှုတွေကြောင့် ဖြစ်ပေါ်နေတာဖြစ်လို့ တိုင်းရင်းသားတွေလိုချင်ပြီး စစ်ကောင်စီဘက်က လက်သင့်ခံနိုင်တဲ့ အချက်တွေကို ပြင်ဆင်နိုင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ တောက်လျှောက် ဆွေးနွေးမှုတွေရှိနေတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။

အခုတကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မသိနိုင်သေးသလို ရရှိလာမယ့် သဘောတူညီချက်တွေကိုလည်း လွှတ်တော်မရှိတာကြောင့် ချက်ချင်းပြင်ဆင်နိုင်မယ့် အခြေနေမရှိသေးဘူးလို့ဆိုပါတယ်။

ပထမအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ကြမယ့် အချက်တွေကို ဆွေးနွေးသတောတူထားတာတွေကို ရွေးကောက်ပွဲအလွန် လွှတ်တော်ကနေ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ  စစ်တပ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားပြီလို့ ပြောဆိုခဲ့ပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တခု ရေးဆွဲဖို့ ပြင်ဆင်နေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013