DVB Logo
Home
နိုင်ငံတကာ
ထိုင်းရေဘေးသင့်နေအိမ် ၇၀ ရာခိုင်နှုန်းပျက်စီးလျှင် ဘတ် ၂၃၀,၀၀၀ ထောက်ပံ့မည် 
DVB
·
September 17, 2024
ထိုင်းရေဘေးသင့်နေအိမ် ၇၀ ရာခိုင်နှုန်းပျက်စီးလျှင် ဘတ် ၂၃၀,၀၀၀ ထောက်ပံ့မည် 
Donate to DVB

 

ထိုင်းနိုင်ငံမှာ ‌ရေကြီးမြေပြို စတဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားရတဲ့ အိုးအိမ်တွေအနေနဲ့ အိမ်ရဲ့အစိတ်အပိုင်း ၇၀ ရာခိုင်နှုန်း ပျက်စီးတယ်ဆိုရင် တအိမ်ကို ဘတ် ၂၃၀,၀၀၀ စီ ထောက်ပံ့ပေးသွားမယ်လို့ matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်က ဝန်ကြီးချုပ်ရုံးမှာ စတင်တာဝန်ထမ်းဆောင်ပြီး ဝန်ကြီးများအဖွဲ့ အစည်းအဝေး ခေါ်ယူခဲ့တယ်၊ အစည်းအဝေးမှာ လက်ရှိကြုံတွေ့နေကြရတဲ့ ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သဘာဝဘေးသင့် ပြည်သူတွေ ကူညီထောက်ပံ့ရေး အဓိက ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြန်ကြားရေးဌာန အတိုင်ပင်ခံ နိုင်းကျီရာယု ဟုန်ဆပ်က သတင်းထောက်တွေကို ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ် ၇၀ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို တအိမ် ဘတ် ၂၃၀,၀၀၀ ငွေကြေးထောက်ပံ့ဖို့ အစည်းအဝေးမှာ သဘောတူခဲ့ကြတယ်၊ ဒါ့အပြင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ဘေးသင့်ပြည်သူတွေ ထောက်ပံ့ကူညီရေးအတွက် ရန်ပုံငွေ ဘတ်သန်းပေါင်း ၃,၀၀၀ ချထားပေးဖို့ အစိုးရဝန်ကြီးများအဖွဲ့က အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ်ကလည်း လက်ရှိ မိုးကြီးရေလျှံ မြေပြိုမှုဒဏ်ခံနေရတဲ့ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသနဲ့ မြောက်ပိုင်းဒေသက ပြည်သူတွေကို ထောက်ပံ့ကူညီရေး၊ နောက်ထပ် ဖြစ်လာနိုင်တဲ့ သဘာဝဘေးအခြေအနေတွေကို ၂၄ နာရီမပြတ် စောင့်ကြပ်ကြည့်ရှုဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာန အားလုံးကို ညွှန်ကြားတယ်၊ ဒါ့အပြင် တောင်ပိုင်းဒေသမှာလည်း မိုးများလာမယ့် အခြေအနေ ရှိတာကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်ရေးအတွက် သတိထား စောင့်ကြည့်ဖို့၊ သဘာဝဘေးအန္တရာယ် မြေပြိုမှုအန္တရာယ် တားဆီးကာကွယ်စောင့်ရှောက်ရေး ကော်မတီအနေနဲ့ သဘာဝဘေးအန္တရာယ် မြေပြိုမှုအန္တရာယ် ကယ်ဆယ်‌ရေးစခန်းတွေ ထားရှိဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ပြိုကျသွားတဲ့နေအိမ်တွေ ထောက်ပံ့ကူညီရေးမှာ ထောက်ခံစာ၊ စာရွက်စာတမ်း အထောက်အထားတွေ လျှော့ချဖို့၊ ပြီးခဲ့တဲ့ကာလတွေက အစိုးရထံက ထောက်ပံ့ကြေးရဖို့ ထောက်ခံစာ/အထောက်အထား စာရွက်စာတမ်းတွေ အများကြီးပြရတာကြောင့် ထောက်ပံ့ရေးမှာ နှောင့်နှေးကြန့်ကြာရတယ်လို့ ဝန်ကြီးချုပ်ကပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။

ကိုးကား - matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013