DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်ကြေညာ
DVB
·
September 17, 2024
ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်းကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်ကြေညာ
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ တရန်ဒီ အာရဂွါဂိုဏ်း (TDA) ကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရဲ့ဂ် အက်ဘာ့ထ်က ပစ်မှတ်ထားတဲ့ စီမံချက်အသစ်တွေကို ထုတ်ပြန်ခဲ့ပြီး TDA ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်း အဖြစ်လည်း ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်က တက္ကဆက်ပြည်နယ်၊ ဟူစတန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အုပ်ချုပ်ရေးမှူး အက်ဘာ့ထ်က သူဟာ အင်အား ၅,၀၀၀ လောက်ရှိတဲ့ TDA ဂိုဏ်းကို ဖြိုခွင်းဖို့ အထူးအာရုံစိုက်ထားတဲ့ ပြည်နယ်တဝန်း စစ်ဆင်ရေးကို စတင်ဖို့ တက္ကဆက်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန (DPS) ကို အမိန့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

TDA ဂိုဏ်းကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ခြင်းကနေ တက္ကဆက်ပြည်နယ်ဟာ သူတို့လုပ်ငန်းတွေကို ရပ်တန့်ဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ပြည်သူပိုင်အဖြစ် အသုံးချဖို့နဲ့ သူတို့ကို အကျဉ်းထောင်သံတိုင်တွေနောက်ကို အချိန်ကြာကြာ ပို့ထားနိုင်အောင် ပြစ်မှုပြစ်ဒဏ် တိုးမှုတွေကို လုပ်ဆောင်ဖို့ တရားရုံးတွေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အဝေးပြေးကင်းလှည့်အရာရှိတွေ၊ DPS အထူးအေးဂျင့်တွေ၊ တက္ကဆက် ရိန်းဂျားတွေ၊ SWAT အဖွဲ့တွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေ၊ K-9 အဖွဲ့တွေနဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ပါဝင်တဲ့ TDA သပိတ်အဖွဲ့အသစ်ကို ဖွဲ့စည်းဖို့ DPS ကို ညွှန်ကြားခဲ့တယ်လို့ အက်ဘာ့ထ်က ပြောပါတယ်။

ဒီအားထုတ်မှုမှာ တက္ကဆက် လူဆိုးဂိုဏ်းနှိမ်နင်းရေး စင်တာတွေကနေတဆင့် ပြည်သူ့လုံခြုံရေးဌာန (DPS)၊ ဖက်ဒရယ်နဲ့ ဒေသန္တရ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေအကြား ပူးပေါင်းလုပ်ဆောင်မှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

လာမယ့် ၂ နှစ်အတွင်း တက္ကဆက် လူဆိုးဂိုဏ်းနှိမ်နင်းရေး စင်တာတွေကို ထောက်ပံ့ဖို့ ဒေါ်လာ သန်း ၁၀၀ ကျော် ခွဲဝေပေးမယ်လို့လည်း အုပ်ချုပ်ရေးမှူး အက်ဘာ့ထ်က ကြေညာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013