DVB Logo
Home
နိုင်ငံတကာ
အမ်မီဆုပေးပွဲတွင် Shogun, The Bear နှင့် Baby Reindeer တို့က အဓိကဆုများ ဆွတ်ခူး
DVB
·
September 16, 2024
အမ်မီဆုပေးပွဲတွင် Shogun, The Bear နှင့် Baby Reindeer တို့က အဓိကဆုများ ဆွတ်ခူး
Donate to DVB

၂၀၂၄ ခုနှစ်အတွက် ဂုဏ်သိက္ခာကြီးမားတဲ့ အမ်မီ ဆုပေးပွဲမှာ Shogun, The Bear နဲ့ Baby Reindeer စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေက အဓိကဆုအသီးအသီးကို ရရှိသွားပါတယ်။

၇၆ ကြိမ်မြောက် အဲဒီဆုပေးပွဲကြီးကို စက်တင်ဘာ ၁၆ ရက်က လော့စ်အိန်ဂျလိစ်မြို့ရှိ ပီးကော့ခ် ကဇာတ်ရုံမှာ ကျင်းပခဲ့တာပါ။

အဲဒီနောက် ဂျပန်သမိုင်းနောက်ခံ ဇာတ်လမ်းတွဲဖြစ်တဲ့ “Shogun” ဟာ အကောင်းဆုံးဒရမ်မာ ဇာတ်လမ်းတွဲဆုနဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါဟာ အင်္ဂလိပ်ဘာသာစကားနဲ့ မဟုတ်တဲ့ ဇာတ်လမ်းတွဲက အဓိကဆုကြီးတခုကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီထဲက ဂျပန်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဟီရိုယူကီ ဆာနာဒါနဲ့ အန်နာဆာဝိုင်တို့ဟာ အကောင်းဆုံး အမျိုးသားနဲ့ အမျိုးသမီး သရုပ်ဆောင်ဆုကို ကိုယ်စီဆွတ်ခူးနိုင်ခဲ့ပါတယ်။

Shogun ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဖရက်ဒရစ်တွိုင်းကလည်း ဒရမ်မာစီးရီးအတွက် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားပါတယ်။

အကောင်းဆုံး ဟာသဇာတ်လမ်းတွဲဆုမှာတော့ ရေပန်းစားနေတဲ့ “The Bear” ကို ကျော်ဖြတ်ပြီး “Hacks” က ရရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း “The Bear” ဇာတ်လမ်းတွဲက ဂျရေမီ အယ်လန်ဝှိုက်ရဲ့ အကောင်းဆုံး အမျိုးသား ဟာသ သရုပ်ဆောင်ဆု အပါအဝင် ဇာတ်ပို့ဆု ၂ ဆုကိုပါ အရယူနိုင်ခဲ့ပါတယ်။

နောက်ထပ် နာမည်ကြီး ဗြိတိန်ဇာတ်လမ်းတွဲ တခုဖြစ်တဲ့ “Baby Reindeer” ကလည်း အမ်မီ ဆု ၄ ခုအထိ ပိုင်ဆိုင်နိုင်ခဲ့ရာမှာ စကော့တလန် ဟာသမင်းသား ရစ်ချက်ဂတ်ဒ်ဟာ သရုပ်ဆောင်၊ ဇာတ်ညွှန်းနဲ့ ထုတ်လုပ်သူအဖြစ်ပါ ဆု ၃ ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် တွဲဖက်သရုပ်ဆောင်ဖြစ်သူ ဂျက်ဆီကာ ဂန်းနင်း ကလည်း “မာသာ” ဇာတ်ကောင်နဲ့အတူ စီးရီးငယ်အမျိုးအစားအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

Netflix ရဲ့ The Crown ဇာတ်လမ်းတွဲမှာ ဒိုင်ယာနာ အဖြစ် ပါဝင်ခဲ့တဲ့ ဩစတြေးလျသူ အဲလိဇဘတ်ဒဘစ်ကီကတော့ ဒရမ်မာအမျိုးအစားအတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013