DVB Logo
Home
နိုင်ငံတကာ
အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို လော့စ်အိန်ဂျလိစ်မြို့မှ ဖယ်ရှား
DVB
·
July 17, 2025
အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို လော့စ်အိန်ဂျလိစ်မြို့မှ ဖယ်ရှား
Donate to DVB

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်ဟာ အရင်လက ဆန္ဒပြမှုတွေအတွင်း နိုင်ငံပိုင် ပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့ လော့စ်အိန်ဂျလိစ်မြို့ဆီ လွှတ်ထားတဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ထက်ဝက်ကို ဖယ်ရှားဖို့ အမိန့်ပေးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနယ်က ဒီဆုံးဖြတ်ချက်ဟာ စစ်ဆင်ရေး အောင်မြင်မှုကြောင့် ဖြစ်လာတာလို့ ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေး (ICE) အေးဂျင့်တွေရဲ့ လုပ်ငန်းခွင်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းတာတွေကြောင့် ဖြစ်လာတဲ့ ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဇွန်လမှာ ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်တွေကို လော့စ်အိန်ဂျလိစ်မြို့ဆီ စေလွှတ်ခဲ့ပါတယ်။ မရိမ်းတပ်သား အယောက် ၇၀၀ လောက်ကိုလည်း စေလွှတ်ခဲ့ပါတယ်။

တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေပေမဲ့ အမေရိကန်အယူခံတရားရုံးတခုက ကယ်လီဖိုးနီးယား ပြည်နယ် အမျိုးသားအစောင့်တပ်ကို ဆက်ထိန်းချုပ်ဖို့ ထရမ့်ပ်ကို ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ လော့စ်အိန်ဂျလိစ်မြို့ဆီ တပ်ဖွဲ့ဝင်တွေလွှတ်ဖို့ ဆုံးဖြတ်ချက်က အမေရိကန်မြေပေါ်မှာ စစ်တပ်သုံးမှုနဲ့ နိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးမြို့မှာ နိုင်ငံရေးတင်းမာမှုတွေ တောက်လောင်လာတာနဲ့ ပတ်သက်လို့ နိုင်ငံအဆင့် အချေအတင် ဆွေးနွေးပွဲတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ICE အေးဂျင့်တွေကို အကာအကွယ်ပေးခြင်းဟာ သူတို့ရဲ့အလုပ်တွေကို လုပ်ဆောင်နိုင်တာ သေချာစေဖို့လို့ ပင်တဂွန်က ကာကွယ်ပြောဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ကနေ စစ်မှုထမ်းတွေကို ရုပ်သိမ်းပြီးတဲ့နောက် အမျိုးသားအစောင့်တပ်သား ၂,၀၀၀ လောက်ဟာ မရိမ်းတပ်သား ၇၀၀ လောက်နဲ့အတူ အဲဒီမြို့မှာပဲ ဆက်ရှိနေမယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013