DVB Logo
Home
မြန်မာသတင်း
ဖျာပုံက စစ်သားများ ရခိုင်အပို့ခံရပြီး ဗိုလ်မှူးအပါအဝင် ၁၀ ဦးထက်မနည်းသေ
DVB
·
September 15, 2024
ဖျာပုံက စစ်သားများ ရခိုင်အပို့ခံရပြီး ဗိုလ်မှူးအပါအဝင် ၁၀ ဦးထက်မနည်းသေ
Donate to DVB

ဧရာဝတီတိုင်း၊ ဖျာပုံမြို့က စစ်ကောင်စီရဲ့ ခလရ ၉၈ တပ်က စစ်သားတွေ ရခိုင်ပြည်နယ်ကို ရှေ့တန်းအပို့ခံရပြီးနောက် ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ကျန်တဲ့လူအားလုံးနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဗိုလ်မှူးနိုင်သူ အပါအဝင် ၁၀ ယောက်ထက်မနည်း သေဆုံးသလို ထိခိုက်ဒဏ်ရာရသူတွေလည်းရှိ ပြီး သတင်းအစအနလောက်ပဲ ရပေမယ့် တပ်ရင်းကတပ်သားတွေနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကျန်တဲ့သူတွေကို သြဂုတ်လ နောက်ဆုံးအပတ်လောက်ကတည်းက တယောက်မှ အဆက်အသွယ်မရတာ။ တပ်အတွင်းမှာတော့ သတင်းဖုံးထားတာပေါ့။ စက်တင်ဘာ ၁၃ ရက်က ဗိုလ်မှူးနိုင်သူနဲ့ အခြားအဆင့် ၉ ဦးကို ရက်လည်ဆွမ်းကပ်တာ လုပ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီ တပ်ရင်းကနေ အင်အား ၃၀ ကျော် ရှေ့တန်းအပို့ခံလိုက်ရတာဖြစ်ပြီး မိသားစုတွေဆီတော့ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရမယ်လို့ပဲ စစ်ကောင်စီက အကြောင်းကြားခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်မိသားစုနဲ့ ရင်းနှီးသူတယောက်က “ဆန်ရင်းနာနာဖွပ် ဆိုတဲ့သဘောပေါ့။ ဧရာဝတီတိုင်းက တည်ငြိမ်တဲ့ဒေသလေ။ အဲတော့ စစ်ကောင်စီတပ်က တိုင်းထဲက လက်အောက်ခံ တပ်သားတွေကို ရခိုင်နဲ့ ရှမ်းပြည်ဘက်ကို အများဆုံး ပို့တာခံနေရတာ။ တပ်သားတွေအများစုက စိတ်ဓာတ်တွေ ယိမ်းယိုင်ပြိုလဲနေတယ်။ မကြာခဏ စစ်ကောင်စီတပ်က ထွက်ပြေးတာတွေ တိမ်းရှောင်တာတွေပါ လုပ်လာတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာပြီးနောက် လက်အောက်ခံ တပ်သားတွေကို စစ်ကောင်စီက မိသားစုတွေနဲ့ အကြပ်ကိုင် ထိန်းချုပ်ဖိအားပေးပြီး ရှေ့တန်း စစ်မြေပြင်လွှတ်လာတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် မအူပင်မြို့က ခလရ ၂၇ တပ်တုန်းလည်း ရခိုင်ပြည်နယ် အပို့ခံရပြီး တပ်ရင်းတရင်းလုံးနီးပါး ရှေ့တန်းမှာ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013