DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် ကျောင်းသားများကိုပါ PNO က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့
DVB
·
September 15, 2024
ပင်လောင်းတွင် ကျောင်းသားများကိုပါ PNO က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ PNO ပြည်သူ့စစ်က ကျောင်းသားတွေကို စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆယ်တန်း၊ Grade11 နဲ့ Grade12 ကျောင်းသားတွေ တက်ရောက်ရတာဖြစ်ပြီး စစ်သင်တန်း တသုတ်ကို ၃ ရက် တက်ရောက်ရတယ်လို့ ပြောပါတယ်။

ပင်လောင်းက ကျောင်းဆရာမတယောက်က “စာတွေအရမ်းနောက်ကျနေလို့ ကျမက ကျောင်းပိတ်ရက်မှာ အချိန်ပိုခေါ်မယ်ပြောတာ၊ ကျောင်းသားတွေက ကျောင်းပိတ်ရက် စစ်သင်တန်း တက်ရမယ်တဲ့။ ကျမလည်း ဘာမှမပြောတော့ဘူး။ ကျောင်းဖွင့်ရက်ရောက်တော့ ကျောင်းသားတယောက် လက်မောင်းပေါ်က PNO တံဆိပ်နဲ့ အပေါ်အင်္ကျီကျောင်းကို ဝတ်လာတယ်။ ကျမလည်း အရမ်းစိတ်ဆိုးသွားပြီး ကျမအတန်းကနေ သူ့ကို မောင်းထုတ်ခဲ့ရတယ်။ ဒီလောက်တော့ မဖြစ်သင့်ဘူးထင်တယ်” လို့ပြောပါတယ်။

၂၀၂၄ နှစ်စပိုင်းမှာ အသက် ၁၈ နှစ်ကနေ ၄၀ ကြား အမျိုးသားတိုင်း စစ်သင်တန်းတက်ရမယ်လို့ ကြေညာခဲ့ပေမယ့် အခုတော့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ကျောင်းသားတွေနဲ့ အသက် ၄၀ ကျော်တဲ့သူတွေပါ စစ်သင်တန်းတက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အသက် ၄၀ ကျော်တွေနဲ့ ကျောင်းသားတွေက ရွာထဲလုံခြုံရေးအတွက်ပဲ စောင့်ပေးရမယ်ဆိုပြီး တက်ရတာ။ အစက PNO ထဲမဝင်ထားပဲ ဗမာစစ်သား လာခေါ်ရင် PNO က တာဝန်မယူပေးဘူး သူတို့ ပြောတယ်။ ဒါကြောင့် အကုန် PNO ကို ဝင်ထားကြရတာ။ ဒါပေမဲ့ ခုတော့ ကျောင်းသားတချို့ တိုက်ပွဲဖြစ်နေတဲ့ ရှမ်း-ကယား နယ်စပ်အထိ ဗမာစစ်သားနဲ့အတူ ရှေ့တန်းသွားရတယ်” လို့ ပြောပါတယ်။

လိန်ညာအုပ်စုဒေသခံတွေက ညောင်မွူးရွာ တောင်ခြေမှာ စစ်သင်တန်းတက်ရပြီး တောင်ထီဗွာအုပ်စု၊ စင်းတောင်းအုပ်စုက ရင်းမှီးတပ် လေးကျင့်ရေးတပ်စခန်း၊ နောင်တရားအုပ်စု၊ တီကျစ်အုပ်စုက နောင်တရားမြို့က ပအိုဝ်းအမျိုးသား တပေါင်းကွင်းမှာ တက်ရတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်မှာ လူဦးရေ ၁၈၀,၀၀၀ ရှိပြီး လူဦးရေ ၈၀,၀၀၀ က အရွယ်ကောင်း လူငယ်လူလတ်ပိုင်းတွေ ဖြစ်လို့ PNO ပြည်သူ့စစ်အဖြစ် စုဆောင်းထားတယ်လို့ PNO လက်အောက်ခံ  စန္ဓာခမ်းရုမ်း အဖွဲ့က ဖေဖော်ဝါရီလတုန်းက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013