
ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပတဲ့ Miss International Queen ၂၀၂၆ လိင်ပြောင်းမယ်ရွေးပွဲမှာ အမေရိကန်မယ် လိုကိုလ်ဘီက သရဖူဆွတ်ခူးခဲ့ပါတယ်။
ဒါဟာ အမေရိကန်အတွက် ဒီပြိုင်ပွဲမှာ ၂ နှစ်ဆက်အောင်ပွဲလည်းဖြစ်ပြီး ကိုလ်ဘီဟာ တခြား ပြိုင်ပွဲဝင် ၂၆ ယောက်ကို ကျော်ဖြတ်ပြီး အနိုင်ရခဲ့ပါတယ်။ ထိုင်းကိုယ်စားပြုမယ်က ဒုတိယနဲ့ ဂျပန် ကိုယ်စားပြုမယ်က တတိယ ရရှိခဲ့ပါတယ်။
“အရမ်းပျော်တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းဂုဏ်ယူတယ်” လို့ ကိုလ်ဘီက ပြောပါတယ်။
ကိုလ်ဘီဟာ ဈေးကွက်ဖော်ဆောင်ရေးမန်နေဂျာဖြစ်သလို content creation နဲ့ စင်မြင့် ဖျော်ဖြေရေးအလုပ်တွေလည်း လုပ်ကိုင်ပါတယ်။
LGBTQIA+ အသိုင်းအဝိုင်းအတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုရစေချင်တယ်လို့ ကိုလ်ဘီက ပြောပါတယ်။
စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ဒီပြိုင်ပွဲဟာ ကမ္ဘာ့အကြီးဆုံး လိင်ပြောင်းအမျိုးသမီး အလှမယ် ပြိုင်ပွဲဖြစ်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။
လိင်ပြောင်းအမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ပိုလက်ခံလာဖို့ ရည်ရွယ်ပြီး ၂၀၀၄ ခုနှစ်က စတင် ကျင်းပခဲ့ပါတယ်။
“တကယ့်အောင်ပွဲက ကမ္ဘာတဝန်းက လိင်ပြောင်းအမျိုးသမီးတွေအတွက်ပါ” လို့ အမေရိကန် ပြိုင်ပွဲ ဒါရိုက်တာ တော့ဒ်ဘာဗောလ်က ပြောပါတယ်။
Source:Reuters











