DVB Logo
Home
အားကစား
၉ နှစ်အတွင်း ကစားသမားရောင်းချမှုမှ ယူရို ၁ ဘီလီယံကျော် ဒေါ့မွန်အသင်းရရှိ
DVB
·
September 13, 2024
၉ နှစ်အတွင်း ကစားသမားရောင်းချမှုမှ ယူရို ၁ ဘီလီယံကျော် ဒေါ့မွန်အသင်းရရှိ
Donate to DVB

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ၉ နှစ်အတွင်းမှာ ကစားသမားရောင်းချမှုတွေ ကနေ ယူရိုငွေ ၁ ဘီလီယံကျော် ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဖူခရတ်ချ်ကို ဝက်စ်ဟမ်းအသင်းဆီပေါင် ၂၂ ဒသမ ၈သန်းနဲ့ ရောင်းချခဲ့ပြီးနောက် ၉ နှစ်တာကာလ အတွင်းမှာ ကစားသမားရောင်းချမှုကနေ ယူရို ၁ ဘီလီယံကျော်တဲ့အထိ စံချိန်တင် ရရှိခဲ့တာပါ။

ဒေါ့မွန်အသင်းအတွက် ပြောင်းရွှေ့ကြေးအများဆုံးရရှိစေတဲ့ ကစားသမားက ပြင်သစ်တောင်ပံ ကစားသမား ဒမ်ဘီလီဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းဆီကို ယူရို ၁၃၅ သန်းနဲ့ ရောင်းချနိုင် ခဲ့တာပါ။

ဒမ်ဘီလီပြီးနောက်မှာ ဂျုဘယ်လင်ဂမ်ကိုလည်း ရီးရဲလ်မက်ဒရစ်ဆီ ယူရို ၁၀၃ သန်းနဲ့ ရောင်း ချနိုင်ခဲ့သလို  ဂျေဒန်ဆန်ချိုကိုလည်း ယူရို ၈၅ သန်းနဲ့ မန်ယူအသင်းဆီ ရောင်းချခဲ့တာပါ။ 

ဒါ့အပြင် ပူလီဆစ်၊ အူဘာမီယန်း၊ အာလင်းဟာလန်း၊ မီခီတာယန်၊ မာရီယိုဂေါ့ဇီ အစရှိတဲ့ ကစားသမားတွေက ပြောင်းရွှေ့ကြေးအများဆုံးရရှိခဲ့ကြတာပါ။

ဒေါ့မွန်အသင်းဟာ အဲဒီ ၉ နှစ်တာကာလအတွင်းမှာ ကစားသမား ဝယ်ယူမှုတွေအတွက် ယူရိုသန်း ၉၅၀ နီးပါး ပြန်လည်အသုံးပြုခဲ့ ပါတယ်။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013