DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ်က ပြည်သူ သန်း ၅၀ ကို ဘတ် ၁၀,၀၀၀ စီပေးမည့်အစီအစဉ် ထုတ်ပြန်
DVB
·
September 12, 2024
ထိုင်းဝန်ကြီးချုပ်သစ်က ပြည်သူ သန်း ၅၀ ကို ဘတ် ၁၀,၀၀၀ စီပေးမည့်အစီအစဉ် ထုတ်ပြန်
Donate to DVB

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ လွှတ်တော်ဆီ မူဝါဒ ထုတ်ပြန်ချက်တရပ်ကို စက်တင်ဘာ ၁၂ ရက်က ပေးအပ်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ထိုင်းဘတ်ငွေ ၄၅၀ ဘီလီယံကို ဝေပေးဖို့ အငြင်းပွားစရာ အစီအစဉ်တရပ်လည်း ပါခဲ့ပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ သူ့ရှေ့က ဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ မဲအနိုင်ရပြီး ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတဲ့ နိုင်ငံရေးလူသစ် ဖဲထောင်းထန်းဟာ သူ့အစိုးရအဖွဲ့နဲ့အတူ အခုလအစောပိုင်းမှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အကြွေးပြန်လည်ဖွဲ့စည်းခြင်း အပါအဝင် သူ့မိန့်ခွန်းမှာပါတဲ့ အဓိကမူဝါဒတွေထဲမှာ သူ့ပါတီရဲ့ ပင်ကိုလက္ခဏာအတိုင်း ထိုင်းပြည်သူ သန်း ၅၀ ကို လူတယောက် ဘတ်ငွေ ၁၀,၀၀၀ ကျပ် ပေးမယ့် “ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်” လက်ဆောင် အသေးစိတ် အချက်အလက်တွေကို ဖဲထောင်းထန်းက ဖော်ပြခဲ့ပါတယ်။ တချို့ကိုတော့ အခုကစပြီး ငွေသားနဲ့ပေးမယ်လို့လည်း သူက ပြောပါတယ်။

ဒီအစီအစဉ်ဟာ ဘဏ္ဍာရေးအရ တာဝန်ယူမှု မရှိဘူးလို့ စီးပွားရေး ပညာရှင်တွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်းတွေက ဝေဖန်ခဲ့ကြပြီး ရန်ပုံငွေရှာဖို့ ရုန်းကန်နေရတဲ့ အစိုးရက ပယ်ချခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဖဲထောင်းထန်းဟာ ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် လွှတ်တော်မှာ ပွဲထွက်ခွင့်ရနေပေမဲ့ အာဏာကိုတော့ သူ့ဖခင် ဝါရင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က နောက်ကွယ်ကနေ အုပ်ချုပ်နေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြပါတယ်။

ဖဲထောင်းထန်းဟာ သူ့ရဲ့ ရှင်နာဝပ်မိသားစုမှာ ထိပ်တန်းရာထူးကို ထမ်းဆောင်တဲ့ စတုတ္ထမြောက်အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013