DVB Logo
Home
မြန်မာသတင်း
ဒေါက်တာမီမီဝင်းဘတ်ကို East-West Center က မြန်မာ့အရေးစွမ်းဆောင်မှု အသိအမှတ်ပြု ဆုပေးအပ်
DVB
·
September 9, 2024
ဒေါက်တာမီမီဝင်းဘတ်ကို East-West Center က မြန်မာ့အရေးစွမ်းဆောင်မှု အသိအမှတ်ပြု ဆုပေးအပ်
1 / 3
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီအခြေစိုက် East-West Center က မြန်မာ့ဒီမိုကရေစီအရေးမှာ တက်ကြွစွာပါဝင်နေတဲ့ ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးစွမ်းဆောင်မှုအသိအမှတ်ပြုဆု ပေးအပ်ခဲ့ပါတယ်။ 

ဒေသစံတော်ချိန် စက်တင်ဘာ ၈ ရက်က ဟာဝိုင်အီမှာပြုလုပ်ခဲ့တဲ့ Town Hall Meeting မှာ ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး East-West Center ရဲ့ အသိအမှတ်ပြုမှုကိုရခဲ့တဲ့အတွက် ကမ္ဘာတဝန်း ပြည်သူ့သံတမန်ဆက်ဆံရေးတွေမှာ သူ့အတွက် ပိုအဆင်ပြေစေလိမ့်မယ်လို့ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။ 

East West Center ဟာ အမေရိကန်ကွန်ဂရက်က ၁၉၆၀ ပြည့်နှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ပညာရေးနဲ့ သုတေသနအဖွဲ့အစည်းဖြစ်ပြီး အရှေ့နဲ့အနောက်အကြား ယဉ်ကျေးမှုနဲ့ နည်းပညာဆိုင်ရာဖလှယ်ရေး ဗဟိုဌာနလည်း ဖြစ်ပါတယ်။ 

အင်ဒို-ပစိဖိတ်ဒေသက ပြည်သူတွေနဲ့ နိုင်ငံတွေအကြားမှာ နားလည်မှုအားကောင်းဖို့အတွက် အမေရိကန်အစိုးရရဲ့ စစ်အေးခေတ် သံတမန်ရေးကြိုးပမ်းမှုမှာ East West Center က အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့တာပါ။ 

ဒေါက်တာမီမီဝင်းဘတ်က “ကမ္ဘာတဝန်း ပြည်သူ့သံတမန်ဆက်ဆံ​ရေးကဏ္ဍတွေမှာ ဦးစီးဦးဆောင် လုပ်ဆောင်နေတဲ့ East West Center အဖွဲ့ကြီးက ဆုချီးမြှင့်တာဟာ စစ်အာဏာရှင် တွန်းလှန်နေတဲ့ တော်လှန်ရေးတွက် နိုင်ငံတကာနဲ့ ပိုပြီးထိတွေ့ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေ အားကောင်းသွားပါတယ်” လို့ ပြောပါတယ်။

ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာပြုလုပ်တဲ့ Town Hall Meeting ကို ဟာဝိုင်အီ၊ တက္ကဆက်၊ ဆန်ဖရန်စ္စကို၊ မယ်ရီလန်းပြည်နယ်ရောက် မြန်မာတွေနဲ့ စင်ကာပူက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ကို East West Center က အသိအမှတ်ပြုဆုပေးအပ်တာနဲ့ တပြိုင်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုအခြေစိုက် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း ဒေါက်တာမီမီဝင်းဘတ်ကို မြန်မာ့အရေးလှုပ်ရှားမှုတွေအတွက် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်ပြီး၊ တကမ္ဘာလုံးရှိ မြန်မာပြည်ဖွား တိုင်းရင်းသားတွေရဲ့ အလှူငွေတွေနဲ့ ရပ်တည်တာဖြစ်ပြီးတော့ အများအကျိုးဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို နှစ်စဉ် ဆုချီးမြှင့်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒေါက်တာမီမီဝင်းဘတ်ဟာ အမေရိကန်တပ်မတော် ဒုတိယဗိုလ်မှူးကြီး တာဝန်ကနေ အငြိမ်းစားယူထားသူ ဖြစ်ပြီး ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခအဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013