DVB Logo
Home
နိုင်ငံတကာ
ယခုနှစ်အတွက် အင်အားအပြင်းဆုံး တိုက်ဖုန်းယာဂီ ဟိုင်နန်ကို စတင်ဝင်ရောက်
DVB
·
September 7, 2024
ယခုနှစ်အတွက် အင်အားအပြင်းဆုံး တိုက်ဖုန်းယာဂီ ဟိုင်နန်ကို စတင်ဝင်ရောက်
Donate to DVB

စူပါတိုက်ဖုန်းယာဂီဟာ စက်တင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံရဲ့ ဟိုင်နန်ဒေသ ကမ်းခြေတလျောက် ကို စတင် ဝင်ရောက်ခဲ့ပါတယ်။ 

ယာဂီမုန်တိုင်းဟာ စက်တင်ဘာ ၄ ရက်က အားကောင်းတဲ့ စူပါတိုက်ဖွန်းမုန်တိုင်းဖြစ်လာပြီး တရုတ်တောင်ပိုင်းကို စတင်ဝင်ရောက်နေတာပါ။ 

အဲ့ဒီဒေသမှာ မုန်တိုင်းတိုက်ခိုက်မှုနဲ့ မိုးကြီးမှုတွေကြောင့် ကျောင်းတွေကို ဆက်ပိတ်ထားရပြီး တောင်တရုတ်ပင်လယ် ဒေသလေကြောင်း ခရီးစဉ်တွေအားလုံး ဖျက်သိမ်းထားပါတယ်။

ယာဂီမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ လူ ၁၆ ဦး ဒီတပတ်အစောပိုင်းက သေဆုံးခဲ့ပြီး ဟိုင်နန်ကျွန်းကို မုန်တိုင်း တိုက်ခိုက်ခဲ့ပါတယ်။ 

တရုတ်ရုပ်သံ CCTVက အပင်တွေအမြစ်က ကျွတ်ထွက်မှုတွေ၊ လေပြင်းတိုက်မှုတွေ၊ ဟိုင်နန် ဒေသခံတွေ အဆောက်အအုံတွေထဲ ခိုလှုံနေရတာတွေ ဖော်ပြခဲ့ပါတယ်။

ယာဂီမုန်တိုင်းရဲ့ လေတိုက်နှုန်းက တနာရီကို ၁၄၅ မိုင်ရှိပြီး ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့ဒုတိယအင်အား အကောင်းဆုံး ဆိုက်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ 

ဒီနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းကတော့ ပစိဖိတ်မှာ တိုက်ခိုက်ခဲ့တဲ့ ဘာရီမုန်တိုင်ဖြစ်ပြီး ပြင်းအားအဆင့် ၅ ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ 

ဟိုင်နန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေအနက် ယာဂီမုန်တိုင်းဟာ ၂၀၁၄ နောက်ပိုင်း အပြင်းထန်ဆုံး မုန်တိုင်းပဲဖြစ်ပါတယ်။ 

ဟိုင်နန်ကို ရမ်မာဆန်မုန်တိုင်း ဝင်ရောက်ခဲ့ဖူးပြီး အဲ့ဒီတုန်းက လူ ၈၈ ဦးသေဆုံးခဲ့ကာ ယွမ် ၄၄ ဘီလီယံ ပျက်စီးဆုံးရှုံးခဲ့ဖူးပါတယ်။

Source-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013