DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးထပ်တက်ပြီး ကားတစီးလျှင် ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းပေးနေ
DVB
·
September 6, 2024
စက်သုံးဆီဈေးထပ်တက်ပြီး ကားတစီးလျှင် ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းပေးနေ
Donate to DVB

စက်သုံးဆီရည်ညွှန်းဈေးဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာ တလီတာ ကျပ် ၃,၂၀၀ ကျော်အထိ ဈေးထပ်တက်ပြီး ကားတစီးကို ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းတော့တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက်မှာ စက်သုံးဆီရည်ညွှန်းဈေးဟာ 92 Ron တလီတာကို ကျပ် ၃,၁၀၀ ရှိခဲ့ပေမဲ့ ဒီနေ့မှာ ကျပ် ၃,၂၀၀ ကျော်အထိ ရောက်ရှိလာခဲ့ပြီး ကားတစီးကိုလည်း ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းချပေးတော့တာကြောင့် ဆီဆိုင်တွေမှာ ဆီရဖို့ လှည့်လည်တန်းစီနေကြရတယ်လို့ ရန်ကုန်မြို့မှ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။

ပရီမီယာကော်ဖီမစ်ကုမ္ပဏီက ရောင်း/မောင်းတယောက်က “ပြီးခဲ့တဲ့ရက်ကမှ တသိန်းဖိုးလောက် ရောင်းပေးသေးတယ်။ ဒီနေ့ ငါးသောင်းဖိုးပဲ ရတော့တယ်။ ငါးသောင်းဖိုးဆိုရင် သုံးဂါလံလောက်ပဲ ရတော့ မလောက်ဘူး။ နှစ်ခေါက်ပြန်တန်းစီရင်လည်း မရဘူး” လို့ ပြောပြပါတယ်။

ရန်ကုန်မြို့ရဲ့ စက်သုံးဆီစျေးနှုန်းတွေကတော့ 92 ဓာတ်ဆီတလီတာကို ငွေကျပ် ၃,၂၁၅ ကျပ်၊ 95 ဓာတ်ဆီတလီတာကို ကျပ် ၃,၃၅၅ ကျပ် ပေါက်စျေးရှိပြီး ရိုးရိုးဒီဇယ် တလီတာကို ကျပ် ၂,၇၁၀ နဲ့ ပရီမီယံဒီဇယ် တလီတာကို ကျပ် ၃,၃၉၅ အထိ ရှိလာပြီဖြစ်ပါတယ်။

Denko ဆီဆိုင်မှ ဘောက်ဆာယာဉ်မောင်းတယောက်က “သီလဝါမှာက ဆီရှိတယ်။ လုပ်ငန်းရှင် တွေကို ဒေါ်လာရောင်းမပေးတော့ ဆီကို ထိန်းပြီး ပြန်ရောင်းနေတာ။ ဒေါ်လာရောင်းပေးတဲ့အချိန်မှ ဆီပြန်ဝယ်နိုင်ဖို့ လက်ကျန်ဆီနဲ့ ရောင်းပေးနေပါတယ်ပေါ့။ လုပ်ငန်းလည်ပတ်နိုင်အောင်ရယ်၊ အရင်လို တိုးကြိတ်ပြီး တန်းစီရတာမျိုးတွေ မဖြစ်အောင် လုပ်နေရတဲ့သဘောပဲ” လို့ ပြောပါတယ်။

ဒီလို စက်သုံးဆီဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာတာကြောင့် ကုန်ဈေးနှုန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အထွေထွေဈေးနှုန်းတွေ မြင့်တက်လာနိုင်ပြီး အကျပ်အတည်း ပိုဖြစ်လာမှာကို ပြည်သူတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013