DVB Logo
Home
အားကစား
မန်ယူအသင်းမှ ထွက်ခွါရန် ကွင်းလယ်ကစားသမား ကတ်စမီရို ဆန္ဒမရှိ
DVB
·
September 6, 2024
မန်ယူအသင်းမှ ထွက်ခွါရန် ကွင်းလယ်ကစားသမား ကတ်စမီရို ဆန္ဒမရှိ
Donate to DVB

ကွင်းလယ်ကစားသမား ကတ်စမီရိုဟာ မန်ယူအသင်းကနေ ထွက်ခွါဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ 

အသက် ၃၂ နှစ်ရှိ ဘရာဇီးကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီကတည်းက စွမ်း ဆောင်ရည် ညံ့ဖျင်းခဲ့ပြီး အခုနှစ်ရာသီမှာလည်း အမှားအယွင်းများနေတာပါ။ 

ကတ်စမီရိုကိုခေါ်ယူဖို့ တူရကီကလပ်တွေက စိတ်ဝင်စားနေပေမဲ့ ကစားသမားဖြစ်သူကိုယ်တိုင်က အသင်းပြောင်းရွှေ့ လိုခြင်း မရှိဘဲ မန်ယူအသင်းမှာပဲ နေရာရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

သူဟာ မန်ယူအသင်းမှာ တပတ်လုပ်ခ ပေါင် ၃၇၅၀၀၀  ရရှိနေသူပါ။ ကွင်းလယ်ကစားသမားသစ် အူဂါတီ ပွဲထွက်ကစားနိုင်မယ်ဆိုရင် ကတ်စမီရိုက ပုံမှန်ပွဲထွက်ခွင့်နဲ့ လွဲချော်သွားဖို့ရှိတယ်လို့သိရ ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013