DVB Logo
Home
နိုင်ငံတကာ
လက်ဘနွန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ရီယာဒ် ဆာလာမဲ ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ
DVB
·
September 5, 2024
လက်ဘနွန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ရီယာဒ် ဆာလာမဲ ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးခံရ
Donate to DVB

လက်ဘနွန်နိုင်ငံရဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ရီယာဒ်ဆာလာမဲကို မြို့တော်ဘေရွတ်မှာ စက်တင်ဘာ ၃ ရက်မှာ  ဖမ်းဆီးခဲ့တယ်လို့  အကြီးတန်း တရားရေးသတင်းရင်းမြစ်က  ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 

ဆာလာမဲကို ငွေကြေးခဝါချမှု၊ အလွဲသုံးစားလုပ်မှု၊ တရားမဝင်ကြွယ်ဝမှု အပါအဝင် ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ တရားစွဲထားပြီး သူကတော့ စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။

လက်ဘနွန်ရဲ့ အိမ်စောင့်အစိုးရ တရားရေးဝန်ကြီး ဟင်နရီခိုရီက ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ရီယာဒ် ဆာလာမဲကို ဖမ်းဆီးဖို့ တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။

ပြည်သူ့အစိုးရရှေ့နေက ဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဆာလာမဲကို လိုအပ်တာတွေ လုပ်ဆောင်ခဲ့ပြီး သူ့ကို စစ်ဆေးမေးမြန်းခဲ့တာကို သံသယဖြစ်စရာ မရှိပါဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဆာလာမဲကို မြို့တော်ဘေရွတ်ရှိ တရားရုံးမှာ  ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ပြည်တွင်းလုံခြုံရေး တပ်ဖွဲ့ရှိ အထွေထွေညွှန်ကြားမှု ဦးစီးဌာနမှာ ထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။

တရားရေးဆိုင်ရာ သတင်းရင်းမြစ် ၃ ခုကတော့ ဆာလာမဲကို ပွဲစားကုမ္ပဏီတခုနဲ့ ဆက်နွှယ်နေတဲ့ ငွေကြေးဆိုင်ရာ ရာဇ၀တ်မှုတွေကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်အတော်အတန်ကြာ စွဲချက်တင်ခံရပြီးနောက်မှာမှ ပထမဆုံး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့စွဲချက်တွေဟာ သူ့ရဲ့ညီအစ်ကို ရာဂျာက ထိန်းချုပ်ထားတဲ့ Forry Associates ကုမ္ပဏီနဲ့ ဆက်နွှယ်ပြီး စွဲချက်တင်ခံထားရတဲ့ အရင်ဘဏ္ဍာရေးရာဇ၀တ်မှုတွေနဲ့ သီးခြားစီဖြစ်ပါတယ်။

သူတို့ညီအစ်ကိုတွေဟာ ကော်မရှင်တွေကနေဆင့်  ပြည်သူ့ဘဏ္ဍာငွေ ဒေါ်လာ သန်း ၃၃၀ ကိုလွှဲပြောင်းဖို့ Forry ကုမ္ပဏီကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အသက် ၇၃ နှစ်အရွယ် ဆာလာမဲဟာ နှစ်ပေါင်း ၃၀ ကြာ ဘဏ်အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့နောက်ဆုံးလတွေကို လက်ဘနွန်နဲ့ တခြားနိုင်ငံအများအပြားရှိ အာဏာပိုင်တွေရဲ့ ပြည်သူ့ဘဏ္ဍာငွေတွေမှတဆင့် တရားမဝင်ကြွယ်ဝမှု အပါအဝင် ဘဏ္ဍာရေးရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။

လက်ဘနွန်မှာ စွဲချက်တွေ တင်ခံထားရပြီး ပြင်သစ်နဲ့ ဂျာမနီ ၂ နိုင်ငံစလုံးမှာ ဖမ်းဝရမ်းတွေ ထုတ်ခံထားရတဲ့အပြင် အင်တာပိုလ်ရဲ့ အနီရောင်သတိပေးချက်တွေနဲ့ ရင်ဆိုင်နေရပေမဲ့  ဆာလာမဲ ကို တခါမှ လက်ရဖမ်းဆီးမိခြင်း မရှိခဲ့ပါဘူး။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013