DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်တွင် စွန့်ပစ်အမှိုက်များဖြင့် နေကာမျက်မှန် ကိုယ်တိုင်ထုတ်လုပ်နိုင် 
DVB
·
September 5, 2024
ထိုင်ဝမ်တွင် စွန့်ပစ်အမှိုက်များဖြင့် နေကာမျက်မှန် ကိုယ်တိုင်ထုတ်လုပ်နိုင် 
Donate to DVB

ပုလင်းဖုံးတွေ၊ အစားအသောက်ကို ထုပ်ပိုးတဲ့ ပလတ်စတစ်တွေ၊ အိုးခွက်တွေ၊ ကလေးကစားရာ အရုပ်အဟောင်းတွေ စတဲ့  စွန့်ပစ်ပစ္စည်းတွေအတွက် ကိုယ်တိုင် ဘဝသစ်ဖန်တီးပေးနိုင်တဲ့ နေရာတခု ထိုင်ဝမ်မြို့တော်၊ တိုင်ပေမှာ ရှိနေပါတယ်။

အမှိုက်မီးဖိုချောင်လို့ နာမည်ပေးထားတဲ့ ဒီအလုပ်ရုံမှာ ကိုယ်တိုင်ကိုယ်ကျ  Recycle ဝင်လုပ်လို့ရပါတယ်။ အိမ်ကသယ်လာတဲ့ ပလတ်စတစ်အမှိုက်တွေကို ချိုးခြေတာ၊ ကျိုချက်တာ၊ ခေတ်ဆန်တဲ့ နေကာမျက်မှန်ကိုင်းတွေအဖြစ်ဖန်တီးတာကို ၂ နာရီအတွင်း လုပ်နိုင်ပါတယ်။

မုန့်ဆိုင်ပိုင်ရှင် ဆယ်လီဆောင်က “အမှိုက်ကို ရီဆိုင်ကယ်လုပ်ပြီး ဒီလို လန်းတဲ့ ပစ္စည်းတခု ဖြစ်အောင် လုပ်လို့ရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးဘူး။ ကျမသမီးကတော့ သူ့အရုပ်အဟောင်းလေးကို ပြန်သုံးပြီး အသစ်လုပ်လို့ရတယ်ဆိုတာ သိရင် ဝမ်းသာမှာပါ”လို့ ပြောပါတယ်။

ပလတ်စတစ်နဲ့ အော်ဂန်နစ် အမှိုက်တွေကနေ အင်္ကျီချိတ်တွေ၊ တိုင်တွေ၊ တန်းတွေ၊ နေ့စဉ်သုံး ပလတ်စတစ်ပစ္စည်းတွေလည်း ထုတ်လုပ်လို့ရပါတယ်။ 

အက်စ်ပရက်ဆို ကော်ဖီကို အစွဲပြုပြီး ‘မီနီထရက်ပရက်ဆို’လို့ အမည်ပေးထားတဲ့ စက်မှာ ပလတ်စတစ်အမှိုက်တွေကို ဖျက်တာ၊ ပျော့ပျောင်းအောင် ကျိုတာ၊ ပုံလောင်းတာတွေ လုပ်လို့ ရပါတယ်။

ဒီစီမံကိန်းဟာ ရေရှည်တည်တံ့တဲ့ ဖက်ရှင် အားကောင်းလာစေရေးအတွက်လည်း အထောက်အကူပြုတယ်လို့ ဟာပါးစ်ဘဇား ထိုင်ဝမ်ဖက်ရှင်မဂ္ဂဇင်းအယ်ဒီတာချုပ်က သုံးသပ်ပါတယ်။

တည်ထောင်သူ အာသာဟောင်က “အမှိုက်မီးဖိုချောင်မှာ ဘေးထွက်ညစ်ညမ်းမှုမရှိစေဘဲ၊  ဒီလုပ်ငန်းကို မိနစ်ပိုင်းအတွင်း ဘယ်လိုလုပ်လို့ရတယ်ဆိုတာ လက်တွေ့ မြင်တွေ့၊ ခံစားမိအောင် ပြသချင်တာ ဖြစ်ပါတယ်။ ဒီတဖန်ပြန်သုံးအာင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေ သုံးပြီးတော့ ခင်ဗျားရှေ့မှာတင် တန်ဖိုးရှိတဲ့အရာတခုကို ဖန်တီးနိုင်ပါတယ်”လို့ ပြောပါတယ်။

ကိုယ်တိုင်ထုတ်တဲ့ နေကာမျက်မှန်တွေ ဝတ်ကြ၊ ဆဲလ်ဖီတွေ ဆွဲကြနဲ့ ပျော်ရွှင်နေကြသူတွေဟာ နောင်မှာ ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေကို လွှင့်မပစ်ဖို့ဆိုတဲ့ အသိပါ ရသွားမယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားကြပါတယ်။  

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013