DVB Logo
Home
နိုင်ငံတကာ
ICC အဖွဲ့ဝင် မွန်ဂိုလီးယားကို ရုရှားသမ္မတ ပူတင် သွားရောက်လည်ပတ်ပြီး ပြန်ထွက်ခွာ
DVB
·
September 4, 2024
ICC အဖွဲ့ဝင် မွန်ဂိုလီးယားကို ရုရှားသမ္မတ ပူတင် သွားရောက်လည်ပတ်ပြီး ပြန်ထွက်ခွာ
Donate to DVB

မွန်ဂိုလီးယားနိုင်ငံကို ၂ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်လာခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စက်တင်ဘာ ၃ ရက် ညနေပိုင်းက ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံတခုကို ပူတင်က ပထမဆုံးအကြိမ် လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ပူတင်ဟာ ယူကရိန်းနိုင်ငံက ကလေးရာပေါင်းများစွာကို တရားမဝင် ပြည်နှင်ဒဏ်ပေးမှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။

ဒါကြောင့် ICC က ပူတင်ကို ပြီးခဲ့တဲ့နှစ်မှာ ဖမ်းဝရမ်းထုတ်ခဲ့သလို ယူကရိန်းကလည်း သူ့ကို ဖမ်းဆီးပေးဖို့ မွန်ဂိုလီးယားဆီ တောင်းဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ အင်္ဂါနေ့တုန်းက ဒီအာရှနိုင်ငံရဲ့ မြို့တော် အူလန်ဘာတာကို ပူတင် ရောက်လာချိန်မှာ မွန်ဂိုလီးယားသမ္မတကိုယ်တိုင် ခမ်းခမ်းနားနား ကြိုဆိုခဲ့ပါတယ်။

အခုလိုမျိုး ဖမ်းဝရမ်းထုတ်ပြီးရင် ICC အဖွဲ့ဝင်နိုင်ငံတွေက သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ လိုလားကြပေမဲ့လည်း တကယ်အရေးယူနိုင်တဲ့ ယန္တရားတော့ မရှိသေးပါဘူး။

၁၉၉၂ ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးချိန်ကတည်းက မွန်ဂိုလီးယားဟာ ရုရှားနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့တာ ဖြစ်ပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံတခုလည်းဖြစ်တဲ့ မွန်ဂိုလီးယားဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို ရုရှားအပေါ်မှာလည်း သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ဓာတ်အားအတွက် မှီခိုနေရတာ ဖြစ်ပါတယ်။

ရုရှားဟာ ယင်မ်မယ်ဒေသကနေ မွန်ဂိုလီးယားကိုဖြတ်ပြီး တရုတ်နိုင်ငံအထိ သဘာဝဓာတ်ငွေ့ ၅၀ ဘီလီယံကုဗမီတာ နှစ်စဉ်တင်ပို့နိုင်မယ့် ပိုက်လိုင်းတခု တည်ဆောက်ဖို့ ဆွေးနွေးနေပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၄ ရက်အတွင်း ရုရှားနိုင်ငံရဲ့ ဗလာဒီဗေါ့စ်တော့ခ်မြို့မှာ အရှေ့တိုင်း စီးပွားရေးဖိုရမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013