မွန်ဂိုလီးယား မြက်ခင်းပြင်မီးလောင်မှုကို ထိန်းချုပ်ရန် တရုတ်ဘက်က လူ ၂,၀၀၀ ကျော် ချထား
DVB
·
October 13, 2026

မွန်ဂိုလီးယားနိုင်ငံဘက်ကနေ ကူးစက်ပျံ့နှံ့လာတဲ့ မြက်ခင်းပြင်မီးလောင်မှုကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူအင်အား ၂,၀၀၀ ကျော်ကို စေလွှတ်ချထားတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာစတဲ့ မြက်ခင်းမီးက အတွင်းမွန်ဂိုလီးယားနယ်စပ်ဆီ ဦးတည် ရွေ့လျားလာနေတာပါ။
အောက်တိုဘာ ၁၁ ရက် ည ၉ နာရီအချိန်အထိ မီးက တရုတ်နိုင်ငံပိုင်နက်အထဲကို မကူးစက်သေးပေမဲ့ မီးထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်။
Source: Reuters











