တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အယ်လ်ရှာ မဟာမိတ်နယ်မြေမှာရှိတဲ့ “တရုတ်နိုင်ငံရဲ့ အလှပဆုံး သဲကန္တာရ” လို့ လူသိများတဲ့ ဘာဒိန် ဂျရန်သဲကန္တာရမှာ အောက်တိုဘာ ၁၆ ရက်မနက်ပိုင်းက ရှားရှားပါးပါး တိမ်ပင်လယ်ကြီးတခု ဖြတ်သန်းစီးဆင်းခဲ့ပါတယ်။
သဲကန္တာရ ချိုင့်ဝှမ်းတွေပေါ်မှာ မနက်ခင်း မြူခိုးတွေ ဖြည်းဖြည်းရွေ့လျားနေပြီး၊ သဲတောင်ကုန်းတွေကြားမှာ တိမ်ထုအလွှာတွေ လှိုင်းထန် စီးဆင်းနေပါတယ်။
လှိုင်းတွန့်သဲတောင်ကုန်းတွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ တိမ်ပင်လယ်ကြီးတို့ တသားတည်းကျပြီး မိုးကုပ်စက်ဝိုင်းဆီ ဆန့်ထွက်နေလို့ သဲကန္တာရနဲ့ တိမ်တိုက်တွေ ပေါင်းစပ်ထားတဲ့ ခမ်းနားထည်ဝါတဲ့ မြင်ကွင်းတခုကို ဖန်တီးထားပါတယ်။
ဘာဒိန် ဂျရန် သဲကန္တာရ - သဲတောင်မျှော်စင်တွေနဲ့ ရေကန်တွေကို ၂၀၂၄ ခုနှစ်မှာ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်း သတ်မှတ်ခဲ့ပါတယ်။
Source: Reuters











