DVB Logo
Home
မြန်မာသတင်း
ညီနောင်မဟာမိတ် ၃ ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာသည့်အပေါ်  တရားမဝင်ဟု  NUG တုံ့ ပြန်
DVB
·
September 4, 2024
ညီနောင်မဟာမိတ် ၃ ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာသည့်အပေါ်  တရားမဝင်ဟု  NUG တုံ့ ပြန်
Donate to DVB

ညီနောင်မဟာမိတ် ၃ ဖွဲ့ အကြမ်းဖက်အဖွဲ့အဖြစ် စစ်ကောင်စီက ကြေညာတဲ့အပေါ်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရားမဝင်ကြောင်း တုံ့ပြန်ကြေညာလိုက်ပြီး အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ “အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကသာ အကြမ်းဖက်အုပ်စုနဲ့  အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အာရက္ခတပ်တော် (ULA/AA)၊ မြန်မာအမျိုးသားမဟာမိတ်တပ်မတော် (MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက ဩဂုတ် ၂ ရက်မှာ  ကြေညာခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး NUG အစိုးရရဲ့ စက်တင်ဘာ ၃ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့  ဒီအဖွဲ့  ၃ ဖွဲ့ဟာ  အများပြည်သူ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့” အမည်ရတဲ့ အဖွဲ့ရဲ့   ကြေညာချက်ဟာ တရားမဝင်ကြောင်းနဲ့ အဲဒီအဖွဲ့က စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရတာကြောင့် အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာလိုက်ပြီး အဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကိုပါ အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ် ကြေညာလိုက်တယ်လို့ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ် ၂၅ ပါတီကတော့  ညီနောင်မဟာမိတ် ၃ ဖွဲ့အား အကြမ်းဖက်အုပ်စုအဖြစ်ကြေညာတဲ့ အပေါ်  ထောက်ခံကြောင်း စက်တင်ဘာ ၃ ရက်မှာ သဘောထားထုတ်ပြန်ထားပါတယ်။ 

မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့လို့ သိကြတဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ မြန်မာစစ်ကောင်စီနဲ့ အရင်က ညှိနှိုင်းဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ဆွေးနွေးပွဲပျက်သွားပြီဖြစ်သလို အပြန်အလှန်တိုက်ပွဲတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA က လားရှိုးအခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားပြီး လက်ကျန်တပ်ရင်းတွေကို တိုက်ခိုက်နေသလို TNLA ကလည်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်း အစပ်က မြို့နယ်တွေကို တိုက်ခိုက် သိမ်းပိုက်နေပါတယ်။  AA ကတော့ ရခိုင်ပြည်နယ် တောင်ပိုင်းကမြို့တွေအတော်များများကို တိုက်ခိုက်သိမ်းပိုက်ထားသလို ဘူးသီးတောင်၊ မောင်တော၊  သံတွဲ၊ ဂွစတဲ့ မြို့နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013