DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် တလအတွင်း နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရ
DVB
·
September 4, 2024
ကရင်နီတွင် တလအတွင်း နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရ
1 / 6
Donate to DVB

ကရင်နီပြည်နယ်မှာ ဩဂုတ်လအတွင်း  ဒေသခံပြည်သူတွေရဲ့ အိမ် ၄၀ ကျော် စစ်ကောင်စီတပ်ရဲ့  မီးရှို့ဖျက်ဆီးတာခံခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြားရေးဌာနက  ဩဂုတ် ၃ မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီးတလျှောက် စစ်ကြောင်းထိုး လှုပ်ရှားရာမှာ ပန်ကန်း၊ ဒေါပိုးစီ၊ ၆ မိုင်စံပြကျေးရွာတလျှောက်ရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်  ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဩဂုတ် ၁ ရက်ကစပြီး လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတလျှောက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို  ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ အဆိုပါကျေးရွာတွေမှာ  တလတာလုံး တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားခဲ့ပြီး  အခုချိန်ထိလည်း တိုက်ပွဲတွေဆက်ရှိနေဆဲပဲလို့   KNDF တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီက လွိုင်ကော်ကို ပြန်ရယူတာထက် တချို့နေရာတွေကို ကျနော်တို့က စစ်ရေးအရ ခွာစစ်လုပ်ရတာမျိုးတွေ ရှိတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအထိတော့ ဒီးမော့ဆိုနဲ့ လွိုင်ကော်ကြားမှာ တောက်လျှောက်တိုက်ပွဲဖြစ်တယ်။ လွိုင်ကော်မှာ ကြိုးကြား တိုက်ပွဲဖြစ်နေတယ်။ ဥပမာ မိုင်းလုံးတို့၊ ပန်ကန်းတို့မှာ ကြိုးကြားဖြစ်နေတယ်။  တဘက်မှာလည်း ဘာဒိုတို့ ဌေးငှားလျားတို့ဘက်မှာလည်း ထိတွေ့မှုတွေရှိနေတယ်။”

ဩဂုတ်လအတွင်း ဘောလခဲမြိုနယ်မှာလည်း စစ်ကောင်စီရဲ့ တပ်စခန်းတခုကို သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း KNDF က ထုတ်ပြန်ပါတယ်။

ဘောလခဲနဲ့ မယ်စလောင်းတောင် အကြားရှိ စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ ရေကျော်စခန်းကိုလည်း ဩဂုတ် ၈ ရက်မှာ  KA ၊ KNDF ၊ KNPLF တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်း ၆ လောင်းနဲ့ အတူ လက်နက်ငယ် ၇ လက်၊ 9MM ပစ္စတိုတလက်၊ ငါကြင်းမြီး တလက်၊ (၈၁)မမ ပြောင်းတလက်နဲ့ ခဲယမ်းအသုံးဆောင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဖားဆောင်းမြို့ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း (၂) ရင်းနဲ့ ကာကင်းစခန်းတွေကိုလည်း ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေက စဉ်ဆက်မပြတ် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြိုနယ်တို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်တွေကို ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာတွေကို  လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့ပြီး  ဒီးမော့ဆိုမြိုနယ်မှာ လက်နက်ကြီးထိမှန်လို့ လူနေအိမ် ၃ လုံး ပျက်စီးကာ  ကလေးငယ်တယောက်  ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013