DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့စာအုပ်ဖိုး  ကျပ် ၄၀၀၀၀ တိုးမြှင့်၊ ဘွတ်ကင်တင်ထားသူများ ကျပ် ၅၀၀၀ ထပ်ပေးရမည်
DVB
·
September 3, 2024
ပတ်စ်ပို့စာအုပ်ဖိုး  ကျပ် ၄၀၀၀၀ တိုးမြှင့်၊ ဘွတ်ကင်တင်ထားသူများ ကျပ် ၅၀၀၀ ထပ်ပေးရမည်
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်) စာအုပ်လုပ်ဖို့ အွန်လိုင်းကနေကြိုတင် စာရင်းပေးထားသူတွေအနေနဲ့  စာအုပ်ဖိုးကို ကျပ် ၅၀၀၀ ထပ်ပေးရမယ်လို့   သိရပါတယ်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရေးနဲ့ပတ်သက်ပြီး စာအုပ်ဖိုးကို  အရင်သတ်မှတ်နှုန်းထား ကျပ် ၃၅၀၀၀ ကနေ စက်တင်ဘာ ၁ ရက်ကစပြီး ကျပ် ၄၀၀၀၀ အထိ တိုးမြှင့်ပြီး စစ်ကောင်စီက ကောက်ခံနေတာပါ။ 

ဒါပေမဲ့ စက်တင်ဘာ ၁ ရက် မတိုင်ခင်ကတည်းက အွန်လိုင်းကနေ ကျပ် ၃၅၀၀၀ နဲ့ ကြိုတင်ဘွတ်ကင်တင် စာရင်းပေးထား သူတွေအနေနဲ့ ကျပ် ၅၀၀၀ ထပ်မံပေးဆောင်ဖို့ ရန်ကုန်က နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ရုံးမှာ ကြေညာထားတယ်လို့ ပတ်စ်ပို့စ်သွားလုပ်သူတွေက ပြောပါတယ်။

ရန်ကုန်မှာ ပတ်စ်ပို့စ်သွားလုပ်ခဲ့သူတဦးက  “အခု ပုံစံတင်တာက ကျပ်  ၂၀၀၀၊ သွေးနှောမလို့ လဝကမှာ ကျပ်  ၅၀၀၀၊ ဓာတ်ပုံရိုက် စလစ်ထုတ်တဲ့နေရာမှာ ကျပ်  ၅၀၀၀၊ စာအုပ်ထုတ်တဲ့ နေရာမှာ အဖုံးတပ်ပြီး ကျပ် ၅၀၀၀ ပေးရပါတယ်။ သူတို့ကြေညာထားတာက လဝက ကောင်တာဖြတ်ပြီး ပုံစံလက်ခံကောင်တာတွေမှာ ထပ်ပေးရမယ်လို့ မရှင်းမရှင်းကြေညာထားတာ။ စာအုပ်ဖိုးက လေးသောင်းမှ မကတာ” လို့ ပြောပါတယ်။

ပတ်စ်ပို့စ်လုပ်ကိုင်နေကြသူတွေဟာ ဒီလိုစာအုပ်ဖိုး ကျပ် ၄၀၀၀၀ အပြင် ကောင်တာအသီးသီးမှာ ထပ်မံငွေကြေးကုန်ကျနေကြပြီး စာအုပ်ထုတ်ချိန်မှာလည်း သွေးနှောသူဆိုရင် ကျပ် ၅၀၀၀၀၊ သွေးနှောမဟုတ်သူဆိုရင်လည်း ကျပ် ၅၀၀၀၀ ပေးမှ စာအုပ်ထုတ်ပေးတယ်လို့ ပတ်စ်ပို့စ် လုပ်နေသူတွေထံက သိရပါတယ်။

ဧရာဝတီတိုင်းကနေ ပတ်စ်ပို့လာလုပ်သူတဦးက  “ပွဲစားနဲ့လုပ်ရင် မြန်တယ်။ ၅ သိန်းကျော်၊ ၆ သိန်းလောက်တော့ ကုန်မယ်။ ကိုယ့်ဘာသာလုပ်ရင်တော့ ရုံးထဲမှာတောင်းသမျှကုန်တယ်။ စာအုပ် ထုတ်ချိန်ကို အချိန်ခဏ ခဏရွှေ့တယ်။ သုံး ခါလောက်ချိန်းပြီးမှ ဟိုဟာဖြစ်လို့ ဒီဟာဖြစ်လို့ လူကြီးလက်မှတ်လိုတယ်။ ကျပ် ၅၀၀၀၀ ပေးရမယ်။ တောင်းနေကြတာ”လို့ ပြောပါတယ်။

စက်တင်ဘာ ၁ ရက်က ပတ်စ်ပို့စ် လျှောက်ထားတဲ့ စာအုပ်ဖိုး ကျပ် ၄၀၀၀၀၊ သက်တမ်းတိုးခ ကျပ် ၄၀၀၀၀၊ ပျောက်ဆုံး/ပျက်စီးအတွက် ကျပ် ၉၆၀၀၀ အထိကုန်ကျနေသလို ရုံးအတွင်း ကောင်တာ အသီးသီးက လိုအပ်ချက်ရှိတယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ငွေကြေးကုန်ကျမှုတွေ ရှိနေ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013