DVB Logo
Home
မြန်မာသတင်း
ပန်းတနော်တွင် စစ်မှုမထမ်းလိုသူများ သိန်း ၆၀ အထိ ပေးရ
DVB
·
September 2, 2024
ပန်းတနော်တွင် စစ်မှုမထမ်းလိုသူများ သိန်း ၆၀ အထိ ပေးရ
Donate to DVB

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ စစ်မှုမထမ်းချင်တဲ့သူတွေက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို သိန်း ၆၀ ပေး ရှောင်လို့ရပြီး ငွေကြေးမတတ်နိုင်သူတွေက စစ်မှုထမ်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်သာရှိပြီး ကျေးရွာပေါင်း ၄၀၀ ကျော်ရှိတဲ့ ပန်းတနော်မြို့နယ်မှာ စစ်တပ်၊ မြို့နယ်ထွေအုပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီး လုပ်စားနေတာလို့ ကျုံပတောကျေးရွာနေသူတဦးက DVB ကို ပြောပါတယ်။

“ရွာမှာတော့ စစ်မှုမထမ်းချင်တဲ့သူတွေက သိန်း ၂၀ သိန်း၊ ၃၀ ပေးရတယ် မရှိတဲ့သူတွေက မဖြစ်မနေ စစ်မှုထမ်းရတယ်၊ ဥပဒေက တပြေးညီ ထုတ်ထားတယ်ဆိုရင် အကုန်လုံးကို စစ်မှုထမ်းခိုင်းရမှာ၊ ငွေကြေးတတ်နိုင်တဲ့သူက စစ်မှုမထမ်းရဘူး၊ ငွေမရှိ မျက်နှာမွဲတွေက စစ်မှုထမ်းရတယ်။”

ပန်းတနော်မြို့နယ် ရွှေလှေကျေးရွာမှာ စစ်မှုထမ်းအပတ်စဥ် ၅ အတွက် တပ်သားသစ်ခေါ်ယူရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနဲ့အဖွဲ့က စစ်မှုမထမ်းချင်သူတွေအား တဦးကို သိန်း ၆၀ အထိ တောင်းခံခဲ့ရာ တိုင်ကြားမှုတွေ ဖြစ်နေတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“အဲ့ရွာမှာ စစ်တပ်လော်ဘီ မင်းသားကြီးနေတာ၊ စစ်မှုထမ်းကိစွနဲ့ သိန်း ၆၀ တောင်းလို့  မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ကို တိုင်ဖို့လုပ်နေတယ်၊ စစ်တပ်ကိုလည်း စာပို့ထားတယ်။” 

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီးအသီးသီးမှာ စစ်ကောင်စီတပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ပေါင်းပြီး ကိုယ်ကျိုးရှာနေပေမဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ အရေးယူဆောင်ရွက်တာမရှိဘူးလို့ သုံးသပ်သူတွေလည်း ရှိပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်းမဖြစ်မနေ စစ်မှုမထမ်းမနေရ အမိန့်ကို ပြန်လည်အသက်သွင်းခဲ့ပြီး မတ် ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့ရာ အခုဆိုစစ်မှုထမ်းအပတ်စဥ် ၅ ထိရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013