DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုသမ္မတ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို ဥပဒေကျောင်းသားများ ဆန္ဒပြ
DVB
·
September 2, 2024
မက္ကဆီကိုသမ္မတ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုကို ဥပဒေကျောင်းသားများ ဆန္ဒပြ
Donate to DVB

မက္ကဆီကို တက္ကသိုလ်တွေ အတော်များများက ဥပဒေကျောင်းသားတွေဟာ နိုင်ငံအတွင်း  တရားစီရင်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမယ့် အစိုးရရဲ့ အစီအစဉ်တွေကို ဆန့်ကျင်တဲ့ အနေနဲ့ စက်တင်ဘာ ၁ ရက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တခြား အပြောင်းအလဲတွေထဲကမှ ပြည်ထောင်စုစနစ်ရဲ့ မဲပေးရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ တရားမျှတမှုကို ပြုပြင်ပြောင်းလဲရေးဟာ အငြင်းပွားစရာ ဆောင်ရွက်ချက် ဖြစ်နေလို့ အသည်းအသန် ကန့်ကွက်နေကြတာပါ။

ကျောင်းသားတွေနဲ့ ပါမောက္ခတွေက မက္ကဆီကိုစီးတီး မြို့တော်ရဲ့ အဓိကလမ်းမတွေထဲက တခုဖြစ်တဲ့ ရီဖောမား ရိပ်သာတလျှောက် ချီတက်ရင်း ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း တရားရေးစနစ်ရဲ့ လွတ်လပ်ရေးကို ခုခံကာကွယ် ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေးကို သြဂုတ် ၂၆ ရက်မှာ လွှတ်တော်ကော်မရှင်က အတည်ပြုခဲ့ပြီး အောက်လွှတ်တော်အသစ်ရဲ့ နောက်ဆုံးအချေအတင် စကားစစ်ထိုးပွဲတခုအတွက် လမ်းဖွင့်ပေးခဲ့တာပါ။

လက်ရှိအာဏာရ မိုရေနာပါတီနဲ့ မဟာမိတ်တွေက အောက်လွှတ်တော်အတွင်း သုံးပုံနှစ်ပုံအထိ အများစု နေရာယူထားပြီးပေမဲ့ အထက်လွှတ်တော်မှာတော့ အများစု နေရာကို ရဖို့ အမတ်တနေရာ လိုနေပါတယ်။

သြဂုတ် ၃၁ ရက်မှာ ရိုက်တာသတင်းဌာနက ပြန်လှန်သုံးသပ်ခဲ့တဲ့ တရားဝင် စာရွက်စာတမ်း တခုအရ လွှတ်တော်အမတ်တွေ ထည့်သွင်းစဉ်းစားရမယ့် ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို စက်တင်ဘာလ ပထမပတ်မှာ မဆွေးနွေးဖို့ မက္ကဆီကို တရားသူကြီးက အောက်လွှတ်တော်ကို အမိန့်ပေးခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးမှာ ရာဇဝတ်ရုံး တရားသူကြီးတွေ၊ တရားလွှတ်တော် တရားသူကြီးတွေ၊ တရားရုံးချုပ် တရားသူကြီးတွေ အပါအဝင် တရားသူကြီး အယောက် ၇,၀၀၀ လောက်ကို လူထုက မဲပေးရွေးချယ်ဖို့ အချက်လည်း ပါပါတယ်။

ဒါဟာ အတွေ့အကြုံနည်းပါးပြီး အသက်အရွယ် သတ်မှတ်ချက်တွေကို လျှော့ချထားတဲ့ တရားသူကြီးတွေကို မြင်ရမယ့်အပြင် နိုင်ငံတွင်း ထိပ်တန်းတရားရုံးတွေရဲ့ အရွယ်အစားကို လျှော့ချတာကို မြင်တွေ့ရမယ့်အကွက် ဖြစ်တယ်လို့ ဝေဖန်သူတွေက သုံးသပ်ပါတယ်။

ဒီမိုကရေစီကို မြှင့်တင်ပေးပြီး ပြည်သူကို ဝန်ဆောင်မှုမပေးတော့တဲ့ စနစ်တခုကို ပြုပြင်ရာမှာ အထောက်အကူဖြစ်မယ်လို့ အဆိုပြုသူတွေက ပြောကြပါတယ်။

ဒါပေမဲ့ တရားသူကြီးတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ပစ်မယ့်၊ အုပ်ချုပ်ရေးအာဏာကို လွဲချော်စေပြီး တရားစီရင်ရေးကဏ္ဍကို ရာဇဝတ်ဂိုဏ်းတွေက ဩဇာလွှမ်းနိုင်သွားမယ့်အထိ လမ်းဖွင့်ပေးသွားမယ့်လုပ်ရပ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013