DVB Logo
Home
နိုင်ငံတကာ
ဓားစာခံမကယ်နိုင်သည့် အစ္စရေးအစိုးရကို ပြည်သူ ၅ သိန်းကျော် ဆန္ဒပြ
DVB
·
September 2, 2024
ဓားစာခံမကယ်နိုင်သည့် အစ္စရေးအစိုးရကို ပြည်သူ ၅ သိန်းကျော် ဆန္ဒပြ
Donate to DVB

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံ ၆ ယောက် ထပ်မံသေဆုံးခဲ့အပြီးမှာ အစ္စရေးနိုင်ငံတဝန်း ပြည်သူ ၅ သိန်းကျော် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ 

ဓားစာခံတွေ လွတ်မြောက်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မယူနိုင်သလို ကယ်ဆယ်ဖို့လည်း ထိထိရောက်ရောက် မလုပ်နိုင်တဲ့ နေတန်ယာဟု အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

အစ္စရေးရဲ့ အင်အားအကြီးဆုံး အလုပ်သမားသမဂ္ဂကလည်း စက်တင်ဘာ ၂ ရက်နေ့ တရက်တာ အထွေထွေ သပိတ်မှောက်ဖို့ ကြေညာခဲ့ပါတယ်။ 

သဘောတူညီချက်ယူပြီး ဓားစာခံတွေ ပြန်ခေါ်ပေးမဲ့အစား အလောင်းတွေ ထည့်ထားတဲ့ အိတ်တွေပဲ ပြန်ရောက်လာတယ်လို့ သမဂ္ဂခေါင်းဆောင် အာနွန်ဘားဒေးဗစ်က ပြောပါတယ်။ 

ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၀၁ ဦးကို ပြန်ခေါ်ပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ဂျေရုစလင်၊ တဲလ်အဗစ်နဲ့ တခြားမြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။ 

ဂျေရုစလင်မှာ ဆန္ဒပြသူတွေကို လမ်းတွေကို ပိတ်ဆို့ခဲ့ကြပြီး၊ ဝန်ကြီးချုပ်အိမ်တော်ရှေ့မှာလည်း ဆန္ဒပြခဲ့ကြပါတယ်။ 

ဓားစာခံတွေထဲက သုံးပုံတပုံလောက်ဟာ သေဆုံးသွားပြီလို့ အစ္စရေးတာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။ 

အသတ်ခံရတဲ့ ဓားစာခံတွေရဲ့ပုံတွေ ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေနဲ့ တဲလ်အဗစ်မြို့ အဓိကအမြန်လမ်းမကြီး တခုလုံး ပြည့်သွားခဲ့ပါတယ်။ 

လမ်းပိတ်ထားတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

ဂါဇာမှာ ပိုလီယိုကာကွယ်ဆေးထိုးနှံမှု စတင်ချိန် နေရာအလိုက် ယာယီအပစ်ရပ်ချိန်မှာ အစ္စရေး စစ်တပ်ဟာ ဥမင်တခုထဲက ဓားစာခံအလောင်း ၆ လောင်း ပြန်ရခဲ့ပါတယ်။ ၂ ရက်၊ ၃ ရက်အတွင်း လောလောလောလတ်လတ် အသတ်ခံထားရတဲ့ အလောင်းတွေလို့ အစ္စရေးကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013