
ဘရာဇီးလ်အမြင့်ဆုံးတရားရုံးက ဆိုရှယ်မီဒီယာ X ကို နိုင်ငံအတွင်း အသုံးပြုခွင့် ချက်ချင်းပိတ်ဖို့ ဩဂုတ် ၃၀ ရက်က အမိန့်ထုတ်ခဲ့ပါတယ်။
ဘရာဇီးလ်တရားရဲ့သတ်မှတ်ထားတဲ့အချိန်အတွင်း ကုမ္ပဏီဘက်က တရားဝင် ကိုယ်စားလှယ် ထားတာမျိုး မရှိလို့ အခုလို အသုံးမပြုဖို့ ချက်ချင်း အမိန့်ချခဲ့တာပါ။
တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဒဏ်ငွေ ဒေါ်လာ ၃ ဒသမ ၂၈ သန်း ပေးချေရဖို့ပါရှိပြီး ဘရာဇီးလ်မှာ တရားဝင် ကိုယ်စားလှယ် တဦးရဲ့ ရွေးချယ်ဖို့ပါရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ကို ၂၄ နာရီအတွင်း လိုက်နာဖို့ သတ်မှတ်ပေးခဲ့ပြီး မလိုက်နာတဲ့အတွက် ဘရာဇီးနိုင်ငံမှာ ဆိုရှယ်မီဒီယာ X အသုံးပြုခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းကတည်းက တရားသူကြီး မိုရက်စ်က အမုန်းတရားတွေနဲ့ မမှန်သတင်းတွေ ဖြန့်လေ့ရှိတဲ့ အကောင့်တွေကို ဖျက်ပေးဖို့ ဆိုရှယ်မီဒီယာXကို အမိန့်ချခဲ့ဖူးပါတယ်။
ဒီလိုဆင်ဆာဖြတ် တောက်တဲ့ အမိန့်ကို ဆိုရှယ်မီဒီယာ X ပိုင်ရှင် အီလွန်မာ့ခ်က ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးလ်မှာရှိတဲ့ ရုံးကိုလည်း ပိတ်ခဲ့ကာ ဝန်ဆောင်မှုတွေကို ဆက်ပြီး ပေးသွားမယ်လို့ အီလွန်မာ့ခ်က ပြောခဲ့ပါတယ်။
ဆက်ဆံရေးတင်းမာခဲ့ပြီးတဲ့နောက် ဘရာဇီးလ်တရားရုံးက စတားလင့်အင်တာနက်ရဲ့ ပြည်တွင်း ဘဏ်အကောင့်ကို ပိတ်ခဲ့ပါတယ်။
စတားလင့်ဟာ အီလွန်မာ့ခ် ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အဲ့ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ သောကြာနေ့က တောင်းဆိုထားပါတယ်။
အီလွန်မာ့ခ်ကတော့ တရားသူကြီး မိုရက်စ်ကို မကောင်းမှု အာဏာရှင် တဦးလို့ ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။
Source-Reuters