DVB Logo
Home
အားကစား
ရက်ရှ်ဖို့ဒ်ကို ဝေဖန်သည့် အလန်ရှီးယားကို မန်ယူနည်းပြတန်ဟတ်ဂ် တုံ့ပြန်
DVB
·
August 31, 2024
ရက်ရှ်ဖို့ဒ်ကို ဝေဖန်သည့် အလန်ရှီးယားကို မန်ယူနည်းပြတန်ဟတ်ဂ် တုံ့ပြန်
Donate to DVB

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ဝေဖန်နေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားကို မန်ယူနည်းပြ တန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်သွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဖြစ်တဲ့  ဖူဟမ်၊ ဘရိုက်တန်အသင်းတွေနဲ့ပွဲစဉ်မှာ ဂိုးကန်သွင်းချက် တကြိမ်မှ မရရှိခဲ့ဘဲ နည်းပြတန်ဟတ်ဂ်ရဲ့ လူစားလဲတာ ခံခဲ့ရတာပါ။

ဂိုးပေါက်ကန်သွင်းချက် မရရှိခဲ့တဲ့ရက်ရှ်ဖို့ဒ်ကို  နည်းပြအဖွဲဝင်တဦးဖြစ်သူ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိင်းက မှော်ပညာနဲ့ပဲ လေ့ကျင့်ပေးနိုင်မယ်လို့ Match of the Day ရုပ်သံအစီအစဉ်မှာ အလန်ရှီးယားက ဝေဖန်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ကို  လူစားလဲခဲ့တာတွေက စွမ်းဆောင်ရည်ကြောင့်မဟုတ်ဘဲ အရန်ခုံမှာလည်း ကစားသမားကောင်းတွေရှိလို့ အလှည့်ကျစနစ်နဲ့ အသုံးပြုခဲ့တာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ကစားသမားတယောက် စွမ်းဆောင်ရည် မကောင်းတဲ့ကိစ္စက ပြဿနာမဟုတ်ပေမဲ့  ဘောလုံးတင်ဆက်သူတွေရဲ့ သုံးသပ်ချက်တွေကသာ မိုက်မဲတဲ့ ဝေဖန်မှုတွေဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013