DVB Logo
Home
နိုင်ငံတကာ
ပီရူးတွင်ကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေးကို သမ္မတဘိုင်ဒန်နှင့် ရှီ တက်ရောက်မည်
DVB
·
August 30, 2024
ပီရူးတွင်ကျင်းပမည့် အေပက်ထိပ်သီးအစည်းအဝေးကို သမ္မတဘိုင်ဒန်နှင့် ရှီ တက်ရောက်မည်
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ပီရူးနိုင်ငံ မြို့တော်လီမာမှာ နိုဝင်ဘာလမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်ကြမယ်လို့ ပီရူးအစိုးရက သြဂုတ် ၂၉ ရက်မှာ အတည်ပြု ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးစလုံးဟာ လီမာမှာ နိုဝင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး အနည်းဆုံး နိုင်ငံ့အကြီးအကဲတွေရဲ့ တရားဝင် ခရီးစဉ်က ၂ ကြိမ်ရှိမှာဖြစ်တယ်လို့ ပီရူးနိုင်ငံခြားရေးဝန်ကြီး ဟာဗီယာ ဂွန်ဇာလေ့ဇ်အိုလီချီယာက ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက် မတိုင်ခင်မှာ ခရီးစဉ်တခုနဲ့ တရုတ်သမ္မတ  ရှီကျင့်ဖျင်ရဲ့ နိုင်ငံတော် ခရီးစဉ်ကို ​​နိုဝင်ဘာ ၁၇  ရက်မှာ တရားဝင် စတင်မယ်လို့ ဆိုပါတယ်။

ဂွန်ဇာလေ့ဇ် အိုလီချီယာက “အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုအတွက်တင်မကပဲ အမေရိကန်ဟာ အထက်တန်းကျတဲ့ မဟာမိတ်နိုင်ငံ ဖြစ်တာကြောင့် အေပက် ထိပ်သီးအစည်းအဝေးကို ဘိုင်ဒန် လာတက်ရောက်မှာဖြစ်တဲ့အတွက် ပီရူးနိုင်ငံဟာ အရေးအကြီးဆုံး အဆင့်အထိ မြှင့်ထားရမှာဖြစ်တယ်”လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အစိုးရဘက်က ဂရုတစိုက်ဆောင်ရွက်ပေးသွားမယ့် အစီအစဉ် ရှိမှာဖြစ်ပြီး ခရီးစဉ်တိုင်းအတွက် အမြင့်ဆုံးဂုဏ်ပြုပေးသွားမယ်လို့လည်း အိုလီချီယာက ပြောပါတယ်။

အိုလီချီယာဟာ အရေးကြီးတဲ့ ဓာတ်သတ္တုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေဖို့ အတွက် သဘောတူညီချက်တရပ်ကို အမေရိကန် ထိပ်တန်းအရာရှိတဦးနဲ့ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ ဇွန်လတုန်းက တရုတ်နိုင်ငံကို တရားဝင် သွားရောက်ခဲ့ပြီး တရုတ်အစိုးရပိုင် COSCO သင်္ဘောကုမ္ပဏီက တည်ဆောက်နေတဲ့ ပီရူးကမ်းရိုးတန်းရှိ ချန်ကေး မဂ်ဂါဆိပ်ကမ်းကို နိုဝင်ဘာလမှာ စတင်ဖွင့်လှစ်ဖို့ သမ္မတရှီကို ဖိတ်ကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013